*မြို့အရှင်က အပေးယူကိုလက်ခံလိုက်တယ်။*

1.5K 143 7
                                    

ရှောင်းကျန့်ရဲ့ ညစ်ပေနေတဲ့ခန္တာကိုယ်ကို ရေချိုးသန့်စင်ရတယ်။ သူတို့ဆီကအမွှေးနံ့ကသင်းသင်းလေး။ အဓိကတစ္ဆေတွေကလူနံ့မခံနိုင်ဘူး။ အဲ့တာကြောင့် မြို့အရှင်ကသူနဲ့ပေါင်းဖက်ဖို့ဆိုတာ ဖြစ်ချင်မှ ဖြစ်မယ်။ ကလေးမွေးခိုင်းရုံသက်သက် ခေါ်ထားတာဖြစ်လိမ့်မယ်။

ရှောင်းကျန့်ကို ရေကူချိုးပေးတဲ့ အမျိုးသမီးနှစ်ယောက်က မျက်နှာမှာဘာမှ မပါဘူး။ ရှောင်းကျန့်လန့်လွန်းလို့ အော်ငိုပစ်လိုက်ချင်တယ်။ မျက်လုံးမပါ၊ ပါးစပ်က အပေါက်သေးသေး ၊နှာခေါင်း အပေါက်သေးသေးပဲပါတယ်။ သူတို့ မမြင်ရတာ‌ကြောင့် ရှောင်းကျန့်နဲနဲတော့စိတ်သက်သာရာရတယ်။ ပြီးတော့သူတို့ပါးစပ်သေးသေးလေးတွေက အသံသေးသေးလေးတွေထွက်လာတယ်။

"ကျဲကျဲ....ကျဲကျဲအနံ့ကထူးခြားတယ်။"

ရှောင်းကျန့်ဘာမှ ပြန်မပြောပဲ ကြည့်နေမိတယ်။

"ပုံမှန်ရေချိုးပေးနေရတဲ့ လူသားမိန်းကလေးတွေကအရမ်းနံတယ်။ နံလွန်းလို့အနားတောင်ကပ်မရဘူး။ ကျဲကျဲရဲ့အနံ့လေးကမွှေးနေတာပဲ။ အမွှေးနံ့သာအုပ်စရာတောင်မလိုဘူး။"

________

ရှောင်းကျန့် အနီရောင်ဖဲမွေ့ယာနဲ့ ကုတင်ကြီးပေါ်မှာ ထိုင်နေတယ်။ သူအနီရောင်ဝတ်ရုံရှည်ကို ပုခုံးမှာလျော့တိလျော့ရဲဝတ်ထားပြီး နက်မှောင်တဲ့ဆံပင်ရှည်တို့ကိုဖါးလျားချထားတယ်။ သန့်ရှင်းစင်ကြယ်ပြီးခြယ်သထားခြင်းမရှိပဲ ကျက်သရေရှိတဲ့သူ့အလှကို မြို့အရှင်ကခနငေးမိသွားတယ်။
ပြီးတော့ ရှောင်းကျန့်နားကိုကပ်လာတယ်။ မသတီစရာကောင်းတဲ့ လူအနံ့ကို မရပဲထူးခြားတဲ့ အနံ့သက်ကြောင့် မြို့အရှင်စိတ်လှုပ်ရှားပြီး မျက်လုံးတွေနီလာတယ်။ ရှည်လျှားတဲ့ လျှာနှင့်ရှောင်းကျန့်လည်တိုင်ကိုယက်လိုက်တဲ့အခါ ရှောင်းကျန့်မျက်လုံးတွေပိတ်ချလိုက်တယ်။ သူ့လျှာကြီးကလည်တိုင်အနှံ့ရစ်ပတ်နေတယ်။ မြို့အရှင်တော်တော်လေး စိတ်လှုပ်ရှားပြီးအနားပိုတိုးလာတော့ ရှောင်းကျန့်က ဆက်ကနဲထလိုက်တယ်။

"အနားကို ကပ်မလာနဲ့။"

ရှောင်းကျန့်က ဆံထိုးကိုသူ့လည်ပင်းမှာချိန်ထားတယ်။

Vengeful Where stories live. Discover now