*အချစ်တွေထပ်တူကျရင်*

783 93 6
                                    


ဝိဉာဉ်မဲ့နေတဲ့ ခန္တာကိုယ်လေးက ကုတင်ထက်မှာ ဖြူလျှော့နေတယ်။ အဖြူရောင်ဝတ်ရုံထဲမှာမြုတ်နေတဲ့ ခန္တာကိုယ်သေးသေးလေးကို ဖက်ချင်ပေမယ့် နာသွားမှာစိုးလို့မထိရက်ဘူး။

ကုတင်ခြေရင်မှာ ဒူးထောက်ကာ ခေါင်း‌စိုက်ပြီးရိပေါ်ငြိမ်သက်နေတယ်။ ပြီးတော့နတ်မင်းတစ်ချို့နဲ့ဆက်သွယ်တယ်။

"တာဝန်အရ အဲ့ဒီမိစ္ဆာကို ငါရှင်းခဲ့တာလေ။ ဘာဖြစ်လို့ ငါ့ကြင်ယာဖက်က ပေးဆပ်ရတာလဲ။ မျှတမှုမရှိဘူး။"

"မြို့အရှင်...မြို့အရှင်ရဲ့ ကြင်ယာဖက်က ဒီနေ့ဒီအချိန်မှာ ကံကုန်ဖို့ဇာတာပါလာခဲ့ပြီးသားမို့ပါ။"

"တော်စမ်းပါ။ ငါ့ကြင်ယာဖက်သာမဟုတ်ရင်၊ ငါနဲ့သာမပတ်သတ်ရင် သူသေစရာမလိုဘူး။"

"မြို့အရှင်ရဲ့ကြင်ယာဖက်‌ဖြစ်နေလို့သာ ဒီလောက် အသက်ရှင်နေရတာပါ။ မဟငတ်ရင် သူတို့ရွာက နတ်ဆရာသေပြီးတာနဲ့ ပထမရေသရဲမိစ္ဆာက သူ့ကိုသတ်မှာပါ။"

ရိပေါ်တိတ်‌ဆိတ်နေတယ်။

"မြို့အရှင် သူ့ခမည်းတော်နတ်မင်းကြီးနဲ့ဆက်သွယ်ကြည့်ပါလား။ လွယ်တော့မလွယ်ပေမယ့် အနည်းဆုံးတော့ကြိုးစားခွင့်....."

နတ်မင်းရဲ့ စကားမဆုံးခင် ရိပေါ်ပျောက်သွားခဲ့တယ်။ ရိပေါ် ရှောင်းကျန့်ခမည်းတော်နတ်မင်းကို ဆက်သွယ်ဖို့ကြိုးစားပေမယ့် ဘယ်လိုမှ မရခဲ့ဘူး။ သူချွေးတွေလည်းပျံလာပြီး မျက်ရည်တွေ နဲ့ရှောယှက်နေတယ်။

"ကျေးဇူးပြုပြီး...."

တစ်ညလုံး မရပ်မနားဆက်သွယ်ဖို့ကြိုးစားပြီး မနက်မိုးလင်းခါနီးတွင် သူဆက်သွယ်လို့ရခဲ့တယ်။ နတ်မင်းကြီးက လက်ထဲက ကျုံ့အိတ်လေးကို ရှောင်းကျန့်ကိုယ်ပေါ်တင်ပြီး ဘာမှ မပြောပဲထွက်သွားခဲ့တယ်။ ရိပေါ်လည်း သူကိုပြန်ဆက်သွယ်ဖို့ကြိုးစားရင်း

"မြို့အရှင်!"

ဆေးဆရာခေါ်လိုက်တာကြောင့် ရိပေါ်သတိဝင်လာတယ်။ ခနနေတော့ ပြတင်းပေါက်ကနေရောင်တွေက ရှောင်းကျန့်ခန္တာကိုယ်ပေါ်ကိုကျရောက်လာတယ်။ ရိပေါ် သူ့ခန္တာကိုယ်ပျက်စီးမှာစိုးလို့ တံခါးကိုပိတ်မယ်အပြု

Vengeful Where stories live. Discover now