ရှောင်းကျန့်မျက်လုံးတွေပွင့်လာတော့ ရိပေါ်ရဲ့ရင်ခွင်ထဲမှာဖြစ်နေတဲ့အတွက် နှစ်ခြိုက်စွာတိုးလို့ဖက်ထားလိုက်တယ်။
"နိုးပြီလား။"
"အင်း..ဘာလို့လိမ်တာလဲ။"
"ဘာကိုလဲ။"
"ဘာလို့ဝမ်ကျီးဟန်ဆောင်ထားတာလဲ။ မြို့အရှင်ကမျက်နှာ အစစ်မှန်ကဘာလဲ။ "
"ဒါကိုယ့်မျက်နှာအစစ်ပဲလေ။"
ရှောင်းကျန့်ကနှုတ်ခမ်းလေးဆူပြီး တစ်ဖက်လှည့်သွားတော့
"ဘာဖြစ်ရပြန်ပြီလဲ။"
"ဘာဖြစ်ရမှာလဲ။ ချစ်တယ်လည်းပြောသေးတယ် နေနိုင်လိုက်တာ။ အကြာကြီးလိမ်ထားနိုင်တယ်။"
"အဲ့တာ လိမ်တာမဟုတ်ဘူး။ ကိုယ်တစ်ကယ်ကိုဝမ်ကျီးအဖြစ်နဲ့ တာဝန်ထမ်းဆောင်နေရတာ။ ကိုယ်ပြောလို့မဖြစ်လို့ပါ။"
"ဘာလို့အဲ့လိုလုပ်ရတာလဲ။"
"ဘာလို့ရှိမလဲ။ အဆိုးလေးတစ်ယောက်ကြောင့်ပေါ့။ ဒီနေရာသွားလို့မရဘူးဆိုသွားချင်တယ်။ ဒါမလုပ်ရဘူးဆို ငိုတယ်။ အဲ့တော့ကိုယ်ကလိုက်လျှောမိတယ်။ သတို့သမီးတွေကိုလည်း မှတ်ဉာဏ်မဖျောက်ရဘူး။ ကိုယ်အပြစ်နဲနဲလုပ်မိသွားလို့ အရပ်လေးမျက်နှာက မိစ္ဆာတွေကိုရှင်းပြီး အပြစ်ကြွေးဆပ်ရတယ်။"
စိတ်ရှည်ရှည်လေးရှင်းပြတော့ရှောင်းကျန့် ငြိမ်သွားပြီး ရိပေါ်ဖက်ကိုပြန်လှည့်လာတယ်။ ဒါပေယ့် ရိပေါ်ကနောက်ဆုတ်လိုက်တယ်။
"မင်းကဝမ်ကျီးနဲ့လည်း နမ်းတာပဲလား။"
"အဲ့တာ ရိပေါ်ကောကောပဲလေ။"
"မဟုတ်ဘူးလို့ပြောထားတယ်လေ။ ရုပ်တူတာနဲ့ပဲ နမ်းရောလား။"
"အဲ့တာ ကောကောရဲ့အငွေ့သက်တွေခံစားမိနေလို့ဆို.."
"အကြောင်းပြချက်မခိုင်လုံဘူး။ ကိုယ်သာပေါ်မလာရင် ဝမ်ကျီးနဲ့ညားတော့မှာ။"
"အဲ့တာ ကိုပဲလေ။"
ရိပေါ်ကခပ်တည်တည်ပဲ အလျှော့မပေးတဲ့အခါမှာတော့ ရှောင်းကျန့်က မြွေတစ်ကောင်လိုပဲကိုယ်ပေါ်တတ်ပြီး တွန့်လိမ်နေတယ်။
