ရှောင်းကျန့်ကို ဟောင်းနွမ်းနေတဲ့ အဆောက်ဦထဲထည့်ထားတယ်။ ပတ်ဝန်းကျင်က အနီရောင် လွှမ်းနေပြီး အလင်းရောင်မှိန်နေတာမို့ခြောက်ခြားစရာကောင်းနေတယ်။ ရှောင်းကျန့် သူ့မျက်နှာကပုဝါကိုခုထိမဖယ်ရသေးဘူး။ အဲ့အချိန်မှာရုတ်တရက် မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် လန့်သွားတယ်။ သူမြင်လိုက်ရတာက ခေါင်းတလားတွေ။ စိတ်ထဲထင်သလိုဖြစ်နေမလားဆိုပြီး မနိုင်မနင်းခေါင်းတလားကို ဆွဲဖွင့်လိုက်ပြီးမြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ဖင်ထိုင်လဲကျသွားတယ်။
"ဒါ ဒါက..."
ဝိဉာဉ်မဲ့နေတဲ့ သတို့သမီးတွေ။ ဝိဉာဉ်နှုတ်ခံထားရတာဖြစ်နိုင်တယ်။ သူရောအဲ့လိုပဲ နှုတ်ခံရမှာလား ဟုတွေးနေစဉ်။
"ဟင့် ဟင့် မာ မား ။ မာ မား။"
အခန်းထဲကို အစောင့်တွေက ကလေးတစ်ယောက်လာပစ်ထည့်သွားတယ်။
"ချန် ချန်အာ ..."
သူ့အသံကြောင့် ကလေးက အငိုတိတ်ပြီးမော့ကြည့်လာတယ်။ ချန်အာက ၈ နှစ်လောက်ရှိတာမို့ အကုန်လုံးနားလည်တဲ့အရွယ်ဖြစ်တယ်။ သူရှောင်းကျန့်ကို တွေ့တော့ ဝမ်းသာအားရပဲ ပြေးဖက်လိုက်တယ်။ ရှောင်းကျန့်လည်း သူ့ကိုရင်ခွင်ထဲမှာ ပိုက်ထားလိုက်တယ်။
"ချန်အာ..."
"ဆရာ ကိုကို...ဟင့် ဟင့်.."
"ဘယ်လိုဖြစ်တာလဲ။"
ချန်အာလည်း ဖြစ်ကြောင်းကုန်စင်ရှင်းပြပြီး။ ပြောလည်းပြောငိုလည်းငို နဲ့ ရှောင်းကျန့်ရင်ခွင်ထဲမှာအိပ်ပျော်သွားခဲ့တယ်။
ရှောင်းကျန့်အံကိုကြိတ်ကာ လက်သီတွေကိုတင်းနေအောင်ဆုပ်ထားရင်း မိစ္ဆာဘုရင်ကို စက်ဆုပ်လာတယ်။ သူလည်းသေရမယ့်လူမဟုတ်လား။ ကြောက်မနေတော့ဘူး။ အနည်းဆုံးရွာသားတွေအေးချမ်းအောင် ကြိုးစားရမှာပဲ။
_____
ခနနေတော့ အခန်းတံခါကကျီကနဲပွင့်လာတယ်။ ရှောင်းကျန့်ကတင်ပြင်ခွေထိုင်ပြီး အိပ်ပျော်နေတဲ့ ချန်အာကိုပိုက်ထားတယ်။ ရှောင်းကျန့်ဆံပင်တွေကလည်း ပြေကျနေပြီး ပုဝါလည်း ချွတ်ထားတယ်။ ဝတ်ရုံအပါးလေးပဲ ဝတ်ထားတာမို့ ခန္တာကိုယ်လေက အေးပြီးအနည်းငယ်တုန်နေတယ်။