ရှောင်းကျန့်သူ့ခန္တာကိုယ်သူစမ်းစစ်နေတယ်။ သူကတစ္ဆေတစ်ကောင်ပေါ့။ သူ့ကိုယ်သူလူတစ်ယောက်လို့ပဲထင်ထားခဲ့တာ။ သူနဲ့ရိပေါ်ကဘယ်လို ဆုံတွေ့ခဲ့လဲ။ သူမမှတ်မိတော့ဘူး။ စိတ်တိုစရာကောင်းပေမယ့် သူအော်လိုက်တော့ ရိပေါ်ကမျက်နှာငယ်နဲ့ ထွက်သွားတာကို သူ့ရင်ထဲတစ်မျိုးကြီးခံစားရတယ်။ မြို့အရှင် ဒီလူက ဘယ်လိုလူလဲ။ လူကို အတင်းအကျပ်နာကျင်အောင် လာလုပ်တာတောင် စိတ်မဆိုးနိုင်ဘူး။
ရှောင်းကျန့် သူ့စွမ်းအားတွေကိုသူ ထိန်းချုပ်နိုင်ဖို့တစ်ယောက်တည်း အခန်းထဲမှာ တစ်ညလုံးနေခဲ့တယ်။ မဟုတ်ရင် ထိခိုက်ကုန်လိမ့်မယ်။
" မြို့အရှင် ဝမ်ရိပေါ်..."
အခန်းရှေ့က အသံကြားလို့ရှောင်းကျန့်ထလာပြီး
"ဘယ်သူလဲ.."
ထိုအခါ အပြင်ကလူကိုကြည့်ပြီးရှောင်းကျန့်လန့်သွားတယ်။ ဘီလူးမျက်နှာနဲ့လူ။ အဲ့လူက သူ့ကိုတအံ့တဩ အထက်အောက်ကြည့်ပြီး သူ့မျက်နှာက တဏှာခိုးတွေ ဖုံးလာတယ်။
"မင်းကိုကိုယ်က ပြန်မေးရမှာ။ မင်းဘယ်သူလဲ။"
ရှောင်းကျန့် ခပ်တည်တည်ပဲ ကြည့်ပြီး
"မြိုအရှင်ရဲ့ ကြင်ယာဖက်.."
"အိုး...ဒီကောင်သတို့သမီးတွေ ခနခနဖမ်းခေါ်နေတာတွေ့တယ်။ မင်းကိုရောသူဖမ်းလာတာမဟုတ်လား။"
ရုတ်တရက် ရှောင်းကျန့်ခေါင်းထဲမှာ မားငိုနေတဲ့ပုံတွေရာယ် သတို့သမီးဝတ်စုံနဲ့ သူ့ကိုတိမ်မဲတွေဆွဲခေါ်သွားကြတာကို ဖျက်ကနဲပေါ်လာတယ်။
"ငါက ဝမ်ရိပေါ်ရဲ့အစ်ကို ဝမ်ကျုရှင်း..မင်းကအရမ်းလှတာပဲ။ ဝမ်ရိပေါ်ကမင်းကိုဖမ်းထားတာမဟုတ်လား။"
"ကျွန်တော်က တစ္ဆေတစ်ကောင်ပါ။"
"ဘယ် ဘယ်လို....ဒီလောက်လှတဲ့ တစ္ဆေလေးကို ရိပေါ်ဘယ်က ရှာတွေ့ပါလိမ့်။ "
"......"
"မင်းသိလား ငါ့ညီက ငါ့ကိုအမြဲမျှဝေပေးတယ်။ ငါဘာပဲလိုချင်တယ်ပြောပြော တစ်ခါမှ မငြင်းဘူး။ သူ့ဆီက ခနငှားလို့ သဘောကျပြီးအပိုင်လိုချင်လည်း သူကလိုက်လျှောတယ်။"