ရှောင်းကျန့်စောင့်ကြည့်နေရင်း ရက်တွေကြာလာတော့ သခင်လေးဝမ်ကျီးရဲ့ကိုယ်ပိုင်အမူကျင့်ရှိတာကိုတွေ့ရတယ်။ သခင်လေးက အနေအေးတယ်။ သူ့အလုပ်ကိုပဲ အာရုံစိုက်တာတွေ့ရတယ်။ ဒါပေမယ့် သခင်လေးက သူ့ကိုကြည့်နေတဲ့အကြည့်တွေကထူးဆန်းတယ်။ တစ်ခါတစ်လေ မြို့အရှင်လို့ ထင်မှတ်ရတယ်။ ဒါကြောင့် တစ်ချက် တစ်ချက် ရှောင်းကျန့်ကို သတိလက်လွတ်ဖြစ်သွားစေတယ်။
"မနက်စာ စားလို့ရပြီ။ အားကျန့် ခုမှနိုးတာလား။ သခင်လေးတောင်နိုးနေပြီ။"
"အင်း ညက အိပ်ယာဝင်နောက်ကျသွားတယ်။ "
ရှောင်းကျန့်ထွက်လာတော့ သခင်လေးက ဘေးကိုရွှေ့ပြီးနေရာပေးတယ်။
"လာ ဆရာေလးရှောင်း..."
ပြီးတော့ ဟင်းတွေလည်းခပ်ထည့်ပေးနေပြန်တယ်။ ပြီးတော့ပုံမှန်ပဲ ထမင်းစားပြီး အခန်းထဲဝင်သွားတယ်။
"ဟူး...."
"ဘာဖြစ်တာလဲ။ သက်ပြင်းတချချနဲ့။"
"ဘာမှ မဟုတ်ပါဘူး။ ကျွန်တော်ဝပြီ။ သခင်လေးနဲ့ ကူပြီးစာတမ်းတွေရေးပေးလိုက်မယ်။"
"ဒီကလေး ဒီရက်ပိုင်း တအီအီနဲ့။"
ရှောင်မားက ပွစိပွစိနဲ့ပန်းကန်တွေသိမ်းလိုက်တယ်။ ရှောင်းကျန့်ကတော့ ထုံးစံအတိုင်း သခင်လေး စာရေးစားပွဲမှာမေးထောက်ပြီး စာရွက်တွေကိုဟိုကြည့်ဒီကြည့်လုပ်ရင်း သခင်လေးကိုအကဲခတ်နေပြန်တယ်။ သူတစ်ချိန်လုံးမေးထောက်ကြည့်နေတာကို သခင်လေးကတစ်ချက်မှ မျက်နှာပျက်မသွားပဲ စုတ်တံလေးကိုချကာ ပြုံးလျှက်
"ဒီလိုပဲနေ့တိုင်း ကြည့်နေမှာလား။ ကိုယ့်ကိုဘာဖြစ်စေချင်တာလဲ။ မြို့အရှင်ဖြစ်ပေးပါလို့တော့ မတောင်းဆိုနဲ့နော်။"
"မဟုတ်ပါဘူး။ သိတယ်မလား။ ကျွန်တော်တဲ့တိုးပဲပြောတတ်တယ်။ မြို့အရှင်က တစ်ချိန်လုံး တတ်မက်တဲ့ မျက်လုံးတွေနဲ့ကြည့်နေတာ။"
အဲ့လိုပြောတော့ သခင်လေးဝမ်ကျီးမျက်လုံးလေးတွေရွေ့လျားသွားပြီး စာရွက်ကိုကုတ်ခြစ်နေတယ်။ ရှောင်းကျန့်လည်း သူ့အပြုမူကို မျက်လုံးလေးအပြူးသားနဲ့ကြည့်နေရင်း