*ပြောင်းလဲသွားတဲ့ ရွာလေး။*
"ဆေးဆရာလေးပြန်ရောက်နေပါပြီ ဟန်လူကြီးမင်း။ အစ်မရှောင်းလည်းပါတယ်။"
ရွာသားရဲ့အပြောကြောင့် ဟန်လူကြီးက ထိုင်နေရာကအမြန်ပဲထလာတယ်။
"ညီမလေးရှောင်း။ ဘယ်တွေပျောက်နေတာလဲ။ ရှာလိုက်ရတာ။"
လူအများရှေ့မှာတော့ ဟန်လူကြီးက စိုးရိမ်စွာမေးလာတယ်။ သူကအများမြင်မှာကြင်နာတတ်တဲ့ လူကြီးပုံဖြစ်ပေမယ့် ရှောင်းကျန့်တို့သားအမိက ရိုးရှင်းတယ်လို့မခံစားရဘူး။ ဟန်လူကြီးကရှောင်မားရဲ့လက်ကလေးကိုဆွဲကာ
"ရှောင်းညီမလေး။ ကိုယ်ဘယ်လောက်စိတ်ပူနေလဲသိလား။"
"စိတ်ပူစေမိလို့တောင်းပန်ပါတယ်။ ဟိုညက ရွာမှာ တစ္ဆဘုရင်ကြီသောင်းကျန်းသွားတာလေ သိတယ်မဟုတ်လား။ ညီမနဲ့ဦးလေးယီကအတူရှိနေတာ။ လေပြင်းတွေတိုက်တာနဲ့ ဘယ်လိုလွင့်သွားမှန်းမသိဘူး။ ပြန်လည်းမလာတတ်ဘူး။အခုမှပဲ သားကလာခေါ်တော့မှပြန်ရောက်တာ။"
"ဆရာလေးတို့ပြန်လာပြီ။ ဝမ်းသာလိုက်တာ ဆရာလေးတို့အိမ်ကို ကျွန်တော်တို့ ပြင်ဆင်ထားပါတယ်။"
ရှောင်းကျန့်တို့လည်း သူတို့အရင်အိမ်လေးမှာ အထုတ်ပိုးတွေချပြီး ခနနားလိုက်ကြတယ်။
"နတ် ဆေးဆရာလေး နတ် ဆေးဆရာလေး ဘယ်လိုလွတ်လာတာလဲ။ ရွာထဲကမိန်းကလေးတွေလည်းလွတ်လာတယ်။ ဒါပေမယ့်သူတို့ ကြောင်တောင်တောင်ဖြစ်နေတယ်။ ကြည့်ပေးပါဦး။"
ရွာသား အပြောကြောင့် ရှောင်းကျန့်အမျိုးသမီးလေးတွေကို ထားရာသူတို့ရွာဆေးပေးခန်းလေးကိုသွားလိုက်တယ်။
သူ့ကိုတွေ့တော့ အမျိုးသမီးလေးတွေကကြည့်နေပြီး"ဆရာကိုကို...ဆရာကိုကို.."
ရှောင်းကျန့်က ရေမန်းပြုလုပ်ပြီးသူတို့ကိုဆေးတိုက်နေစဉ်
"ဆရာလေးရာယ် ဟန်လူကြီးကိုကျေးဇူးတင်ရမယ်။ ချန်အာလေးကိုရော ဒီကလေးမလေးကိုရော ပြန်လွတ်လာဖို့ဟန်လူကြီးက လုပ်ပေးခဲ့တာလေ။ ဒါပေမယ့် ချန်အာက စကားမပြောတတ်တော့ဘူး။"