*မြို့အရှင်ရဲ့ တစ်ခုတည်းသောဦးစားပေးက ဇနီးလေးပျော်ရွှင်ဖို့*
ရှောင်းကျန့်အခန်းထဲမှာ ရိပေါ်ပြန်အလာကိုစောင့်နေတယ်။ ကောင်းကင်တစ်ခုလုံးနီရဲမဲမှောင်ပြီး မြို့အရှင်ကဒေါသထွက်ကြောင်းပြနေတယ်မို့ မြို့သားတွေအရမ်းကြောက်နေတယ်။ တစ်ခါတစ်လေ မိုးခြိမ်းသံအကျယ်ကြီးကိုကြားရတယ်။ နန်းဆောင်ပေါ်တတ်လာတဲ့မြို့အရှင်ရဲ့ခြေသံတွေက ကျယ်လောင်ပြီး အသက်ရှူသံတွေကပြင်းထန်နေတယ်။ ရှောင်းကျန့် ထင်ထားသလိုပဲ ရိပေါ်ရဲ့မျက်ဝန်းတွေထဲမီးဟုန်းဟုန်းတောက်နေတယ်။ ဓားအိမ်ကိုချွတ်ထားပြီး သူ့ဆီကိုတဖြေးဖြေးလှမ်းလာကာ လည်တိုင်ကိုချိန်ရွယ်လိုက်တယ်။
"ဘာလုပ်တာလဲ။ မင်းရဲ့အစစ်မှန်ငါ့ကိုပြ။"
ဒီအချိန်မှာတော့ ရှောင်းကျန့်မျက်ရည်မကျဘူး။ မျက်ရည်ကျလည်းအပိုပဲဖြစ်မှာ။ ကိုယ်တိုင်လည်း ဒီအခြေနေကို တွေးထားပြီးသားမို့ အရမ်းတုန်လှုပ်ခြင်းမရှိဘူး။
"ငါကယောက်ျားတစ်ယောက်ဆီမှာ လွယ်လွယ်ပျော်ပါးသွားမယ်လို့မင်းထင်နေတာလား။ ငါ့ကိုစပြီးဖမ်းလာကတည်းက ငါဒီလိုလုပ်မယ်ဆိုတာ မသိဘူးလား။ ဘာလဲ ငါကမင်းဆီမှာ သာယာနေပြီထင်နေတာလား။ အဟက် ရူးမိုက်လိုက်တာ။ ငါတို့ရွာကို စိတ်သောကအမျိူးမျိုးပေးနေတဲ့ တစ္ဆေတစ်ကောင်ဆီမှာငါက ပျော်မွေ့မယ်ပေါ့ ။"
"ဒါဆိုငါ့နားမှာနေတဲ့ တောက်လျှောက်က မင်းဖြစ်ချင်တာတွေဖြစ်ရဖို့အတွက်ပဲပေါ။"
"ဒါပေါ့ မြို့အရှင်တစ်ယောက်ဖြစ်နေပြီး ဒါတောင်မသိတာလား။"
"သစ္စာမရှိတဲ့ လူသားတွေ။"
"အဲ့တာဘာပြောတာလဲ ကတိတည်ထားတဲ့အတိုင်းမင်းရဲ့ကလေးကို မမွေးပေးဘူးပြောလို့လား။ မင်းညီမကို ငါတို့အပြစ်လုပ်မိတယ်ဆိုတာက တစ္ဆေတစ်ကောင်ကိုငါတို့မကြောက်ပဲနေမလား။ သူသာသူ့နေရာမှာနေရင်ခုလိုဖြစ်မှာမဟုတ်ဘူး။"
"ပါးစပ်ပိတ်ထားစမ်း။မင်းပါးစပ်က ငါတို့မိသားစုအကြောင်းပြောစရာမလိုဘူး။"
ရိပေါ် ဓားကို လည်ပင်းမှာဖိလိုက်ပြီးရှေ့တိုးလာတော့ ရှောင်းကျန့် ကြောက်လန့်ကာနောက်ဆုတ်သွားတယ်။