*မြို့အရှင်ရဲ့ နှလုံးသားကို ခိုးယူလိုက်တယ်*
အိပ်ယာနိုးတော့ ဘေးမှာဝမ်ရိပေါ်ကမရှိဘူး။ ပင်ပန်းသွားလို့လားမသိ နှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်ပျော်သွားတာ။ ရှောင်းကျန့်ဖြေးညှင်းစွာထလာပြီး မနေ့ကအဖြစ်ကိုပြန်တွေးမိတော့ မျက်လုံးတွေမှိတ်ချလိုက်တယ်။ ခန္တာကိုယ်ကမလုံခြုံသလိုခံစားရပြီး ရှက်ရွံ့နေတယ်။ သူ ရေချိုးခန်းဖက်သွားပြီး တစ်ယောက်တည်း ရေဝင်စိမ်လိုက်တယ်။ ဆံပင်တွေကိုလည်း အမွှေးနံ့သာနဲ့လျှော်လိုက်တယ်။ ရေစိမ်နေရင်း သူတွေးလိုက်တယ်။
မနေ့က မီးကျီခဲမိုးတွေအောက်မှာ ငရဲခံနေရတဲ့သူကိုမြင်ပြီး ထိတ်လန့်ပြီးငိုမိခဲ့တယ်။ ဒါပေမယ့် သူသိလိုက်တာက မြို့အရှင်ကသူ့ကို အငိုမခံဘူးဆိုတာပဲ။ သေချာသိချင်လို့ နောက်ထပ် ငိုတဲ့လက်နက်ကိုထပ်သုံးတော့ အသုံးဝင်ပြန်တယ်။ အဲ့တော့သူကယောက်ျားတန်မဲ့ငိုတာကြီးကို လက်နက်အနေနဲ့သုံးရတယ်။ မကြိုက်ပေမယ့် လောလောဆယ်သူ့မှာဘာအင်အားမှမရှိဘူး။ သူ့ဆေးကုစွမ်းရည်က အသက်ပဲကယ်နိုင်တာ။ အသက်သတ်လို့မရဘူး။
မြို့အရှင်ကို သူကိုင်တွယ်ဖို့ဆုံးဖြတ်လိုက်တယ်။ မြို့အရှင်က က ကတိတည်တယ်။ သစ္စာရှိတယ်။ အဲ့တာကြောင့် ရှောင်းကျန့်အတွက်အသက်အာမခံချက်လေးရသွားတယ်။
ရှောင်းကျန့်ရေချိုးပြီးတော့ အဝတ်စားတွေကိုရွေးလိုက်တယ်။ ထူးထူးခြားခြားဇာပန်းရောင် ဝတ်ရုံလေးရှိတယ်။အဲ့ဒီဝတ်စုံကိုသူရွေးဝတ်လိုက်ပြီး မှန်ထဲက ကိုယ့်ကိုကိုယ်တောင်အံ့ဩသွားတယ်။
*တော်တော်လေးလှတာပဲ။*
ဆံပင်တွေကိုတော့ဖါးလျားချထားပြီး ပန်းရောင်ကျောက်ခက်ကလစ်လေးကိုဘေးမှာထိုးလိုက်တယ်။ ပြီးတော့ပြုံးလိုက်ပြီး သူ့ကိုယ်သူ မှန်ရှေ့မှာတစ်ပတ်လှည့်လိုက်တယ်။
*ခြေတော်တင်ခံရမယ့်အတူတူတော့ ငါလုပ်နိုင်တာအကုန်လုပ်သွားမယ်။*
ရှောင်းကျန့်ဖြေးဖြေးချင်းလမ်းလျှောက်ကာ အပြင်ထွက်လာတယ်။ မြို့ထဲမှာတစ္ဆေတွေမရှိဘူး။ ဒီအချိန်ဆိုညီလာခံမှာ ငြင်းခုန်အော်ဟစ်နေကြရောပေ့ါ။ မြို့အရှင်ကိုအံ့ဩတယ်။ ဒီ လောက်ဆူညံနေတဲ့ကောင်တွေကို အထက်စီးကနေကြည့်ပြီး သူတို့ကိုကြည့်နေနိုင်တယ်။