Part-22 ( ဇာတ်သိမ်းပိုင်း)

588 68 15
                                    

ဆွေးဝင်လာတော့ နစ်ကီက ကိုကို့ကိုခေါ်ကာ ထွက်သွားလေသည်။ အခန်းထဲတွင် ဆွေးနဲ့နွေသာ ကျန်လျက်။

" ချစ်...ဆွေးရောက်လာပြီ"

" ပူတူး...ကိုယ် မမြင်ရဘူး..ပူတူး..."

ဆွေးက နွေရဲ့လက်ကလေးကိုကိုင်ထားကာ

" ပူတူး...အဲ့ကလေးမလေးကို ဘာမှ မဘာဘူး...လက်ညှိုးနဲ့တောင်မထိခဲ့ဘူး သိလား"

" ယုံတယ်နွေ့ကိုယုံတယ်နော်"

" ပူတူး...ကိုယ်မမြင်ရတော့ ပူတူးဆီကို ဘယ်လိုလာရမလဲ...မာမီတို့ကို ဘယ်လိုပြောရမလဲ"

" နှစ်ယောက်လုံးကို ခွဲကြမှာလားဟင် ချစ်"

" မခွဲစေရပါဘူး ပူတူးရ...ကိုယ့်ဘေးမှာ ပူတူးရှိနေရင် ရပြီ"

" ဒါပေမယ့် ချစ်မမြင်ရတော့ ဘယ်လိုလုပ်ကြမလဲဟင်"

ထိုအချိန် နစ်ကီက ဝင်လာကာ

" အကို တစ်ခုလောက်ပြောလို့ရမလား"

" ဘာကြီးလဲ နစ်ကီ"

" ညီမလေးဥဩကို မာမီက မမြင်ဖူးဘူးလေ...ဒီတော့ နွေ့ရဲ့ special nurse ဆိုပြီး ငှါးလိုက်မယ်...ပိုက်ဆံလည်းရတော့ ညီမလေးရွာအတွက်လည်း အဆင်ပြေမယ်...နွေ့ဘေးမှာလည်းနေရမယ်...သိသွားမှ နွေ ပြန်ပြီးနေကောင်းလာမှ လက်ထပ်ထားတယ်ဆိုတာ ပြောလိုက်ရင် ညီမလေးဒီအတောအတွင်း နွေ့ကို ဂရုစိုက်တာနဲ့ယှဉ်ရင် မာမီဘာမှမပြောလောက်ဘူးထင်တယ်"

" နစ်ကီ့အကြံကောင်းတယ်...ဒါဆို ဆွေး ကိုယ့်ဘေးမှာ နေမယ်မလားဟင်"

" နေမှာ...တစ်သက်လုံးနေမှာမို့...နွေသာ နေကောင်းအောင်မြန်မြန်လုပ်"

" ဒါဆို သူနာပြုလက်မှတ်အတုတွေဘာညာ ငါ ကိုကိုနဲ့ ကြည့်စီစဉ်လိုက်မယ်"

" ဟုတ်ပြီ နစ်ကီ ကျေးဇူးနော်"

" မလိုပါဘူး...အကိုတစ်ယောက်လုံးရထားတာပဲ ....ဒါလေးက ပါမွှား ပါမွှား"

နစ်ကီက ပြောစရာရှိတာပြောပြီး ပြန်ထွက်သွားပြန်လေသည်။

————

နောက်လမှစတင်ပြီး ဆွေးဟာ သူနာပြုတစ်ယောက်အနေနဲ့ နွေ့အိမ်မှာလာနေခဲ့လေသည်။ ဟင်းချက်ကောင်းသည့်အပြင် နွေ့အပေါ်လည်းကောင်းကောင်းမွန်မွန် ပြုစုနိုင်သောကြောင့် ဒေါ်အမ်မလီအောင်၏ အလေးပေးခြင်းကိုခံရလေသည်။

နှလုံးသားတစ်ခုကို ထုဆစ်ခြင်းWhere stories live. Discover now