ဒီနေ့သည် သွေးမြတ်ချယ်နှင့် နွေခက် နောက်တစ်ကြိမ်ပြန်ဆုံကြမည့်နေဖြစ်သည်။ ရဲသွေးမာန်အား အမျိုးသမီးအားအလိုမတူရမှုဖြင့် တရားရုံးတွင် ပထမဆုံးစစ်ဆေးမည့်ရက်ဆိုလျှင်လဲ မမှားပေ။
ပထမဆုံး ရုံးချိန်းရက်ဖြစ်၍ နွေခက်တို့ အနည်းငယ်အစောထွက်လာခဲ့လိုက်သည်။ တရားရုံးရောက်သည့်အခါတွင်တော့ အချိန်စော၍ထွက်လာသည်မှာ ပို၍ မှန်ကန်သည်ဆိုသည်ကို နွေခက်နားလည်လိုက်သည်။
တရားရုံးအရှေ့တွင် များပြားသည့်လူများဆိုသည်မှာကြပ်သိပ်နေသည်။ မှုခင်းမီဒီယာများအပြင် အခြားမီဒီယာများပါ ရောက်နေသည်ကို တွေ့လိုက်ရသည်။ အမှုကို လက်မခံခဲ့စဉ်က မီဒီယာများရောက်လာနိုင်သည်ကို တွေးမိထားသော်လည်း ယခုလောက်ထိ ရှိနေလိမ့်မည်ဟု မတွေးဖူးပါ။
ယခု နွေခက်တို့ ရင်ဆိုင်ရမည့် တစ်ဖက်လူများ၏ ကျော်ကြားမှုမှာ မသေးသိမ်ဆိုသည်ကို နားလည်လိုက်သည်။ မာယာသွင်နှင့် အကြည့်ချင်းဆုံမိချိန်တွင်တော့ နွေခက်အားပြန်တင်းထားလိုက်ပါသည်။
'တကယ်တော့ မာယာသွင်အတွက် လိုအပ်သည့် ရှေ့နေကောင်းတစ်ယောက်ဆိုသည်မှာ သွေးမြတ်ချယ်လို လူမျိုးမဟုတ်လား၊ သွေးမြတ်ချယ်က ဂျပိုးကိုပင် လိပ်ဖြစ်အောင် ပြောင်းနိုင်စွမ်းရှိနေသူဖြစ်ဟုတ်လား'
"ဟွန်း"
နွေခက် ရင်ထဲမှ မွန်းကြပ်မှုကြောင့် သက်ပြင်းတစ်ချက် ထုတ်လွှတ်လိုက်သည်။
"သက်ပြင်းတွေ ချလို့ပါလားဒေါ်ဒေါ် မာယာက ဒေါ်ဒေါ်ကို အခက်ခဲကြားထဲခေါ်မိပြီထင်တယ်"
အားလျော့စွာပြောလာသည့် မာယာကြောင့် နွေခက်လဲ စိတ်မကောင်းပေ။သို့ပေတည်း တစ်ဖက်က ရှိန်သင့်သည်သူများဖြစ်နေသည်လေ။ ရဲသွေးမာန်ဆိုသည်မှာလဲ သူ့နယ်ပယ်ဖြစ်သည့် မောဒယ်လောကတွင်သာမက အနုပညာတစ်ခုလုံး၏ နာမည်အကြီးဆုံး fanအင်အားအတောင့်ဆုံးသူတစ်ယောက်ဖြစ်သည်။
..အင်း အဲ့လိုလူနဲ့ လူစိတ်အဝင်စားဆုံးရှေ့နေတို့ တွဲမိတာ ဒီလောက်တော့ ရင်ဆိုင်ထားရမှာပေါ့..
YOU ARE READING
Opposite Direction (Ongoing)
Romanceတရားခွင်တိုင်းကို အနိုင်ရခဲ့ပေမယ့် နွယ်ရဲ့ နှလုံးသား တရားခွင်မှာတော့ သွေးမြတ်ချယ်တို့ရှုံးခဲ့ရပြီ.... သွေးမြတ်ချယ်ရီနိုင် မင်းမရှုံးခဲ့ပါဘူး မြတ်ရယ်... နွေခက်နွယ်ဆိုတဲ့ အမျိုးသမီးရဲ့ နှလုံးသားပိုင်ရှင်က သွေးမြတ်ချယ်ရီနိုင်ဆိုတာ အမှန...