Part(17) Uni+Zaw

389 42 6
                                    

"သွေးမြတ်ကကော တို့ကို သဘောကျပါရဲ့လား။ ရှေ့နေနွေခက်နွယ်အနေနဲ့မဟုတ်ဘဲ၊ သွေးမြတ်ဘဝရဲ့ လက်တွဲဖော်တစ်ယောက်အနေနဲ့ပေါ့"

ဒေါ်နွေခက်၏ အမေးစကားကို ကြားရသည့်အချိန်တွင် သွေးမြတ်လိုက်သည်။ ထိုအပြုံးသည် ဒေါ်နွေခက်အား သဘောကျသည့်အပြုံးမျိုးဖြစ်သည်။ အင်း...ဤစကားလေးသည် အမေးကို အမေးနှင့်ပြန်ဖြေခြင်းမျိုးမဟုတ်လား။

နွေခက်၏ စကားကြောင့် ပြုံးနေသည့် သွေးမြတ်ကို မြင်ရသည်က နွေခက်၏ စိတ်လှုပ်ရှားမှုကို ပိုတိုးစေသည်။ အရင်အချိန်များကတွေ့နေကြဖြစ်သည့် သွေးမြတ်၏ အပြုံးမျိုးမဟုတ်ဘဲ သဘောကျသည့် အပြုံးမျိုး၊ အေးချမ်းသည့် အပြုံးမျိုးဖြစ်သည်။

"ကျွန်မက ဒေါ်နွေခက်ရဲ့ အမေးကို မဖြေခင်မှာ ဒေါ်နွေခက်က ကျွန်မမေးထားတာကို ဖြေပေးသင့်တယ်မဟုတ်ဘူးလား။ ကျွန်မအရင်မေးထားခဲ့တာဆိုတော့လေ"

သွေးမြတ်၏ စကားကို ကြားသည်နှင့် နွေခက်ပြုံးလိုက်မိသည်။ ရှေ့နေတစ်ယောက်ဆိုသည့်အတိုင်း သွေးမြတ်အား ‌အမေးဖြင့် ပြန်ဖြေ၍ မရတော့သည်ကို နွေခက်နားလည်လိုက်သည်။

"ကောင်းပါပြီ တို့အနေနဲ့ အရင်ဆုံးပြောချင်တာက တို့ရဲ့စကားကို မလှောင်ရဘူး၊ တို့စကားအဆုံးမှာ မင်းဘယ်လိုဆုံးဖြတ်ပါစေ တို့လက်ခံတယ်၊ ဒါပေမဲ့ ရင်ဘတ်ထဲက ဖြစ်တည်လာတဲ့ စကားလုံးတွေကိုတော့ မလှောင်ပါနဲ့"

ကိုယ့်အား သဘောမကျလျှင်ပင် လက်ခံနိုင်ပါသည်။ သို့သော် ကိုယ်ရင်ထဲမှ ဖြစ်တည်လာသည့် စကားစုကိုတော့ မိမိသဘောကျတိုင်း လှောင်ပြောင်ခြင်းအား နွေခက်အမှန်ပင်မုန်းတီးပါသည်။ အငြင်းစကားဆို၍ စိတ်မဆိုးပါ၊ သို့သော် ပျက်ရယ်တော့ မပြုစေလို့ပါ။

"ကျွန်မမှာ ဒေါ်နွေခက်ကို လှောင်ပြောင်ချင်စိတ်လုံးဝမရှိဘူးဆိုတာကိုတော့ ယုံကြည်လိုက်ပါ။ တစ်ခြားသူတစ်ယောက်ရဲ့ ရင်တွင်းက ဖြစ်တည်လာတဲ့ စကားတို့ကို ပျက်ရယ်ပြုရသည်အထိ ကျွန်မ မကောင်းတဲ့သူတစ်ယောက် မဟုတ်ပါဘူး"

"ဟုတ်ပါပြီ။ တို့ သွေးမြတ်ချယ်ကို personalအရ သဘောကျပါတယ်။ သဘောကျတယ်ဆိုတာထက် ချစ်မြတ်နိုးမိတယ်လို့ ပြောရမယ်ထင်တယ်။ အခုလိုပြောလိုက်လို့လဲ တို့အပေါ်ကို တစ်မျိုးမမြင်စေချင်ဘူးကွယ်။ တို့အတွက် မင်းက ကြည့်ကောင်းနေလို့ သဘောကျတာမျိုးလဲ မဟုတ်သလို၊ တို့ကို ကူညီပေးနေလို့ သဘောကျတာမျိုးလဲ မဟုတ်ပါဘူး၊ ဒီအတိုင်း သွေးမြတ်ချယ်ရီနိုင်ဆိုတဲ့ မင်းကို ချစ်မြတ်နိုးတာ၊ ရှေ့နေတစ်ယောက်အဖြစ် ပြတ်သားတဲ့လျှောက်လွဲချက်တွေပြောတတ်တဲ့ ရှေ့နေသွေးမြတ်ချယ်ကို သဘောကျသလို၊ မေးခွန်းတွေ အကြပ်ရိုက်အောင် ထုတ်တတ်တဲ့ ရှေ့နေသွေးမြတ်ချယ်ကိုလဲ သဘောကျတယ်၊ အရှင်းဆုံးပြောရရင် သွေးမြတ်ချယ်ဆိုတဲ့ သူဖြစ်နေတဲ့ မင်းကို အကြောင်းပြချက်မရှိ သဘောကျပြီး ချစ်မြတ်နိုးတယ်လို့ တို့ဘက်က ပြောရင် မင်းယုံကြည်နိုင်မလား"

Opposite Direction (Ongoing)Where stories live. Discover now