"ဟိုမှာ သွေးမြတ်ချယ် ထွက်လာပြီ"
သွေးမြတ်အပြင်ရောက်သည်နှင့် ဝိုင်းလာသည့် မှုခင်းမီဒီယာများကြောင့် စိတ်ညစ်သွားသလိုပင်ခံစားလိုက်ရသည်။ သွေးမြတ်ချယ်အနားသို့ အပြိုင်အဆိုင်ရောက်လာကြသည့် မိုက်များကြောင့် သွေးမြတ်အနည်းငယ် အနောက်သို့ဆုတ်လိုက်သည်။
'သေတဲ့သူအတွက် အမှန်တရားရှာပေးချင်လို့သာပေါ့် မဟုတ်ရင်တော့ မီဒီယာတွေ ဒီထပ်ပိုခေါ်ထားနေမလားမသိဘူး'
သွေးမြတ်ချယ်ပြောသည်မှာလဲ မမှားပေ။ သွေးမြတ်ချယ်အားမီဒီယာများ မမြင်တွေ့စဉ်က ဦးရန်ပိုင်ဆိုသည့် ညီမဖြစ်သူက မီဒီယာများရှေ့တွင် ငိုပြနေသည်။ သွေးမြတ်ချယ်အနေဖြင့် ကြိုတင်ဆွေးနွေ့ကြစဉ်အချိန်ထဲက ဖြစ်နိုင်ချေ အားလုံးကို ပြောပြထားပြီဖြစ်သည်။ ယင်းကို ဇွတ်ဝမ်းနည်းပြကာ မျက်ရည်ချူနေသူကြောင့် ပို၍ပင် စိတ်ထဲအချဉ်ပေါက်လာသည်။
မီဒီယာများကို အစကရှောင်ရန်စဉ်းစားခဲ့သော်လည်း ထိုသို့ အပိုလုပ်ပြတတ်သောသူများကြောင့် သွေးမြတ်တမင် ဒီအထိ ထွက်လာခဲ့ခြင်းဖြစ်သည်။
"အမှုကို နိုင်တော့ ဘယ်လိုခံစားရလဲ သွေးမြတ်ချယ်ရှင့်"
"နိုင်တာက ထူးဆန်းနေတာမှ မဟုတ်တာ ဘာကို ခံစားနေရမှာလဲ"
သွေးမြတ်ချယ်၏ အဖြေကြောင့် မီဒီယာများ ဘာပြောရမည်မသိတော့ပေ။
"ဟုတ်ကဲ့ပါ နောက်သိချင်တာက နောက်ထပ်မှာကော ဘယ်လိုအမှုကို လက်ခံဖြေရှင်းမလဲဆိုတာ ပြောပေးလို့ရမလားရှင့်"
"သိရအောင် ကျွန်မက ဘာမှ မဟုတ်ဘူးလေ ရှင်တို့မေးပေါက်က ကျွန်မဖြေရှင်းရအောင် ပြစ်မှုက ထပ်ဖြစ်ပေးရမလို ဖြစ်နေပြီ ရှင်တို့မှာ အချိန်တွေသိပ်ပေါနေတယ်ဆို ပြောချင်တိုင်း ပြောခွင့်မရတဲ့ လူတစ်ချို့ဆီကိုသာ ရောက်အောင်သွားကြ ဘာမဟုတ်တဲ့ နေရာမှာ အချိန်ကုန်ခံမနေနဲ့ ကျွန်မပြောချင်တာ ဒါဘဲ"
ပြောချင်ရာ ပြောကာ ထွက်သွားသည့် သွေးမြတ်ချယ်ကို နွေခက်နားမလည်နိုင်ပေ။ အခြားရှေ့နေများဆိုလျှင် မိမိတို့ အောင်နိုင်ခြင်းအတွက် ဝမ်းမြောက်စွာ ဖြေကြားလိမ့်မည်။ အခုသွေးမြတ်ချယ်ကတော့ ထိုသို့မဟုတ်ပါဘဲ ဘာမှမဟုတ်သလိုပင် ဖြေကာ ထွက်သွားလေသည်။
YOU ARE READING
Opposite Direction (Ongoing)
Romansaတရားခွင်တိုင်းကို အနိုင်ရခဲ့ပေမယ့် နွယ်ရဲ့ နှလုံးသား တရားခွင်မှာတော့ သွေးမြတ်ချယ်တို့ရှုံးခဲ့ရပြီ.... သွေးမြတ်ချယ်ရီနိုင် မင်းမရှုံးခဲ့ပါဘူး မြတ်ရယ်... နွေခက်နွယ်ဆိုတဲ့ အမျိုးသမီးရဲ့ နှလုံးသားပိုင်ရှင်က သွေးမြတ်ချယ်ရီနိုင်ဆိုတာ အမှန...