နွေခက် အဒေါ်ကို တောင်းပန်လိုက်ကာ ဒီနေ့ညတွင် အဖွားအိမ်သို့သွားမည်ဆိုသည့် အကြောင်းကိုပါ တစ်ခါထဲပြောထားလိုက်သည်။ အဒေါ်ကတော့ အရာအားလုံးကို နားလည်ပါသည်ဆိုသည့်သဘောဖြင့် နွေခက်အား ခေါင်းငြိမ့်ပြကာ အိမ်ပေါ်သို့ တက်သွားပြီဖြစ်သော သွေးမြတ်အနောက်ကိုသာ လိုက်သွားရန်ပြောသဖြင့် နွေခက် အိမ်ပေါ်သို့ တက်လာခဲ့လိုက်သည်။
"ဘာကြည့်တာလဲ "
"ဘာမှ မဟုတ်ပါဘူး၊ ရန်ကုန်က စောင့်နေတဲ့အမှုကို လက်ခံမှာလား"
"ဘာလို့လဲ၊ ဒေါ်နွေခက် ဂျူနီယာလေးကို အနိုင်ယူလိုက်မှာ စိတ်ပူလို့လား"
"မဟုတ်ပါဘူး၊ သိချင်လို့ပါ၊ သွေးမြတ်နဲ့သူက အဆင်မပြေဘူးမဟုတ်လား"
"personalအရသူ့ကို သဘောမကျတာပါ။"
"အင်း ဒါဆို အမှုက လက်ခံဖြစ်မှာလား"
"မသိသေးဘူးလေ ဒေါ်နွေခက်ရဲ့၊ ဘယ်လိုအမှုလဲဆိုတာကိုတောင် မသိသေးဘူး၊ စုစုက အရင်က ကိုင်ဖူးတဲ့အမှုလို့ပြောနေပေမယ့် ကိုင်ခဲ့တာက တစ်ခု နှစ်ခုမှ မဟုတ်တာ။ ရောက်မှ တွေ့ကြည့်ပြီး လက်ခံသင့် မခံသင့် စဉ်းစားရမှာပေါ့"
"အော် အင်းအင်း ပြီးရင် အဒေါ်နဲ့စကားသွားပြောလိုက်အုံးလေ၊ အဖွားအိမ်မှာ အိပ်မယ့်အကြောင်းတော့ ပြောထားခဲ့ပြီ"
"အင်း မာယာပြန်လာပြီတဲ့လား"
"လာနေပြီလို့ ပြောတာဘဲ နည်းနည်းနောက်ကျမှ သွားကြရအောင်လေ"
"အင်း ခဏနားလိုက်အုံးမယ်။ ဒေါ်နွေခက် ပေါင်လေးငှားပေးအုံး ဒေါ်နွေခက်ပေါင်ပေါ်မှာ အိပ်ချင်လို့"
ခွင့်တောင်းသည်က နောက်မှဖြစ်ကာ သွေးမြတ်၏ ခေါင်းလေးက နွေခက်၏ ပေါင်ပေါ်တွင် ရောက်နေပြီဖြစ်သည်။
"ဒေါ်နွေခက် ဆံပင်လေးတွေကို ထိနေပေးပါလား"
"ခိုင်းတတ်တယ်နော်"
"ခိုင်းတာမဟုတ်ပါဘူး ဒေါ်နွေခက်က ကျွန်မဆံနွယ်ကို ကိုင်ပေးတာကို အရမ်းသဘောကျလို့လေ"
"ဟုတ်ပါပြီကွယ် တို့သွေးမြတ်ရဲ့ ဆံပင်လေးကို ထိပေးနေမယ်နော်"
YOU ARE READING
Opposite Direction (Ongoing)
Romanceတရားခွင်တိုင်းကို အနိုင်ရခဲ့ပေမယ့် နွယ်ရဲ့ နှလုံးသား တရားခွင်မှာတော့ သွေးမြတ်ချယ်တို့ရှုံးခဲ့ရပြီ.... သွေးမြတ်ချယ်ရီနိုင် မင်းမရှုံးခဲ့ပါဘူး မြတ်ရယ်... နွေခက်နွယ်ဆိုတဲ့ အမျိုးသမီးရဲ့ နှလုံးသားပိုင်ရှင်က သွေးမြတ်ချယ်ရီနိုင်ဆိုတာ အမှန...