Part(12) Uni+Zaw

369 46 5
                                    

မာယာ စာပို့ပြီးသည်နှင့် ဖုန်းပိတ်လိုက်ကာ ကြယ်ရောင်စုံထွက်ပေါ်နေသည့် ကောင်းကင်ပြင်ကြီးအား ကြည့်လိုက်သည်။ ကောင်းကင်တစ်ခုလုံး မှောင်မဲနေသဖြင့် တဖျက်ဖျက်လက်နေသည့် ကြယ်တို့၏ အလင်းရောင်က ပို၍ ထွက်ပေါ်နေသည်။ လ၏အလင်းရောင်ကို မတွေ့ရသဖြင့် ဒီနေ့ဟာ လမိုက်ညဖြစ်မည်ထင်ပါသည်။

'လပြည့်ညတွင် သေဆုံးသူဟာ ကောင်းသည့်အရပ်သို့ ထွက်ခွာတက်ရပြီး၊ လမိုက်ညတွင် သေဆုံးသူက မကောင်းမှုကို ခံစားတတ်ရသည်'ဟု မာယာကြားဖူးသည်။ ဟွန်း... မာယာသေဆုံးမည့် ဒီနေ့ဟာ လမိုက်ညဆိုတော့ မာယာသွင်တို့ မကောင်းမှုအကျိုးဆက်ကိုခံစားရန် ရှိနေသေးသည်ထင်သည်။

မာယာ အောက်ထပ်သို့ ငုံကြည့်လိုက်တော့ ဖြတ်သန်းသွားလာနေသည့် လူအနည်းငယ်ကိုသာတွေ့ရသည်။ အကွာအဝေးက အရမ်းမြင့်သည်ဟု မဆိုနိုင်သော်လည်း ပြုတ်လျှင်တော့ သေစေနိုင်သည့် အနေအထားဖြစ်သည်။

အသက်(၂၅)နှစ်မှာပင် သေဆုံးရလိမ့်မည်ဟု မာယာတစ်ခါမျှပင် မတွေးကြည့်ခဲ့ဖူးပါ။ ဘဝဆိုသည့်အရာက တကယ်တော့ မထင်ထားသည့်အရာများသာ ဖြစ်တတ်သည်ဆိုသည်မှာ အမှန်ဆိုသည်ကို မာယာလက်ခံနိုင်သွားပြီဖြစ်သည်။ မာယာတွေးထားခဲ့သည့် အနာဂတ်တွင် မပါဝင်သည့် အရာတစ်ခုက ရောက်ရှိလာကာ အရာအားလုံးဖျက်စီးသွားလိမ့်မည်ဟု တစ်ကြိမ်တစ်ခါပင် မတွေးခဲ့ဖူးပါ။ 

"နိမ့်တယ်မထင်ဘူးလား အပေါ်ဆုံးကို သွားလိုက်လေ"

မာယာ့၏ အနောက်ဘက်မှ ထွက်လာသည့် အေးစက်စွာထွက်ပေါ်လာသည့် အသံကြောင့် မာယာလှည့်ကြည့်လိုက်သည်။

"အန်တီသွေး"

ဝတ်နေကျ suitကို တစ်တောင်ရောက်သည်အထိပင့်တင်ထားကာလက်ပိုက်ထားလျက် မာယာအနောက်တည့်တည့်တွင် ခက်ထန်မှုအပြည့်ဖြင့် ရပ်နေသည့် အန်တီသွေးအားတွေ့လိုက်ရချိန်တွင် မာယာရင်ထဲ ကြောက်စိတ်ဝင်လာသည်။

မကြာသေးခင်အချိန်ထိ မည်သည့် ကြောက်ရွံ့စိတ်မျှ လုံးဝမရှိသော မာယာသည် အန်တီသွေးအား မြင်လိုက်ချိန်တွင် ခုန်ချမည့် နေရာအားကြည့်နေခဲ့သည့် အချိန်ကထက် အဆပေါင်းများစွာ ကြောက်ရွံ့လာသည်။

Opposite Direction (Ongoing)Where stories live. Discover now