"ကောင်မလေးတွေ ပွဲမသွားကြဘူးလား ပွဲက နောက်ငါးရက်ဘဲကျန်တော့တာနော်"
သွေးမြတ်တို့ ထိုင်နေသည့် အနားသို့ အဒေါ်ကဝင်ထိုင်လာကာ သွေးမြတ်တို့အား မေးလာခဲ့သည်။
"မာယာက သွားပြီးပြီအဒေါ်၊ ဒေါ်ဒေါ်နဲ့မားမားတို့ဘဲ သွားမယ်မသွားဘူးပြောနေကြတာ"
"ဇာတ်ပွဲကို ကြည့်ပြီးပြီလား၊ ဒီနှစ်ဇာတ်တော့ ကောင်းကြတယ်ပြောတယ်"
"ကြည့်ပြီးပြီ အဒေါ် ပထမရက်မှာ ရွာထဲက အပျိုတွေနဲ့ သွားကြည့်လိုက်တာ"
"အေအေ၊ ဒါဖြင့် ညဉ်းတို့နှစ်ယောက်ကော မသွားကြဘူးလား"
အတူတူထိုင်နေသည့် သွေးမြတ်နှင့် နွေခက်တို့အား မေးလာသဖြင့် သွေးမြတ်က
"ကျွန်မတို့ ဒီညသွားကြမလားလို့ တိုင်ပင်ထားတာ၊ မာယာနဲ့အဒေါ်ကော ကျွန်မတို့နဲ့ လိုက်အုံးမလား"
"မာယာတော့ မလိုက်တော့ဘူး မားမား မနက်ဖြန်မှ ပွဲပြန်သွားကြည့်မှာ၊ ရွာထဲကသူတွေပြောကြတာတော့ သုံးရက်နေရင် ဇာတ်က နောက်တစ်မျိုးပြောင်းတယ်ဆိုလို့၊ မနက်ဖြန်မှ သွားကြည့်တော့မယ်"
"အေဟုတ်တယ် ငါလဲ ဖွင့်ပွဲနေ့ကကော မနေ့ကကော သွားထားရတာဆိုတော့ ဒီနေ့တော့ အိမ်မှာ ကောင်းကောင်းအိပ်လိုက်အုံးမယ်။ မင်းတို့နှစ်ယောက်သာ ကောင်းကောင်းသွားကြပါကွယ်၊ မင်းတို့ တစ်ရက်မှ မသွားကြသေးဘူးမဟုတ်လား၊ ဇာတ်ပွဲလေးလဲ ကြည့်ခဲ့ မိုးလင်းတဲ့အထိမဟုတ်တောင် သန်းခေါင်ကျော်လောက်တော့ ပြန်ခဲ့ပေါ့အေ။ ရွာလမ်းကတော့ ပွဲရှိနေတဲ့တစ်လျှောက်လူတော့ မပြတ်ပါဘူး"
"ပွဲက ထင်မထားအောင်တော့ အတော်စည်တယ်နော် အဒေါ် "
"စည်ဆို သုံးနှစ်တစ်ကြိမ်လုပ်ကြတာကို၊ ပြီးတော့ ဒီရွာက တော်ရုံပွဲမလုပ်ဘူးလေ၊ဒီရွာသားနဲ့ အနီးနားက လေးငါးခြောက်ရွာလောက်က သုံးနှစ်လုံးစုထားသမျှ ဒီအချိန်သုံးကြတာဆိုတော့ ဈေးသည်လဲရောင်းကောင်းကြတော့ အလာများကြတယ်လေ၊ မြို့ထဲနဲ့လဲ တောင်ကို ဖြတ်လာရင်ရောက်ပြီဆိုတော့ လာကြတာပေါ့။ညဘက်က တစ်မျိုးစည်နေသလို နေ့ဘက်လဲ စည်တယ်။"
YOU ARE READING
Opposite Direction (Ongoing)
Romanceတရားခွင်တိုင်းကို အနိုင်ရခဲ့ပေမယ့် နွယ်ရဲ့ နှလုံးသား တရားခွင်မှာတော့ သွေးမြတ်ချယ်တို့ရှုံးခဲ့ရပြီ.... သွေးမြတ်ချယ်ရီနိုင် မင်းမရှုံးခဲ့ပါဘူး မြတ်ရယ်... နွေခက်နွယ်ဆိုတဲ့ အမျိုးသမီးရဲ့ နှလုံးသားပိုင်ရှင်က သွေးမြတ်ချယ်ရီနိုင်ဆိုတာ အမှန...