Part(7) Uni+Zaw

356 35 9
                                    

"စုစု အစ်မရှာခိုင်းထားတာ သိရပြီလား"

သွေးမြတ်ချယ် ပထမရုံးချိန်းပြီးသည့်အချိန်မှစ၍ စုစုအား တရားခံတိတိကျကျမဖော်ပြနိုင်သည့် အမှုများကို ရှာကြည့်ခိုင်းထားခြင်းဖြစ်သည်။ 

"နီးစပ်တာလေးတွေကို ရှာကြည့်တာတော့ မရှိဘူးအစ်မ စုအထင်တော့ ဒါက ဟိုကောင်မလေး သက်သက် ရဲသွေးမာန်ကို စွပ်စွဲချင်တာလားလို့ "

တစ်ပတ်အတွင်းတွင် မာယာသွင်က လိမ်နေသည်ဟုထင်သူများလဲ ရှိနေသကဲ့သို့ ရဲသွေးမာန်က လိမ်ညာနေသည်ဟု ထင်နေခဲ့သည့်သူများလဲ ရှိသည်။ 

အများစုကတော့ ယောက်ျားသားများတစ်ချို့က ရဲသွေးမာန်၏ ဘက်မှ ရပ်တည်ပေးသော မိန်းကလေးပရိတ်သတ်များကို ဆိုးရွားစွာ ပြစ်တင်ပြောဆိုကြခြင်းဖြစ်သည်။ မိန်းကလေးဘက်က နာပါသည်ဆိုသည့် အမျိုးသားများက အခြားမိန်းကလေးတစ်ယောက်အား နှမချင်းမစာပြောသည်ကိုလဲ တွေ့ရသေးသည်။ 

လူတိုင်းက ကိုယ့်ရပ်တည်မှုနှင့် ကိုယ်ဖြစ်တည်မှုကိုယ်စီဖြစ်ကြ၍ ကိုယ်နှင့် မတူညီတိုင်း တစ်ဖက်က ရန်သူဟုတ်မနေခဲ့ပါဘူး။ လူတိုင်းမှာ မတူညီတဲ့ အမြင်ကိုယ်စီရှိနိုင်သကဲ့သို့ ၊ ယုံကြည်ချက်ကိုယ်စီရှိကြသည်။ ရဲသွေးမာန်အားချစ်ချင်ကြသူ သူ့ပရိတ်သတ်များက ရဲသွေးမာန်ကို အမှန်ဟု ယူဆကြကာ တစ်ဖက်မိန်းမသားအား လိမ်နေသည်ဟု ယူဆကြလိမ့်မည်။ 

ထိုနည်းတူစွာ တစ်ဖက်ကို သဘောမကျသည်ဟူသော လူပုဂ္ဂိုလ်အစွဲများဖြင့် မိန်းကလေးဘက်သာ အမှန်ဟုဆိုကြသူများလဲရှိမည်။ ငါဖြစ်တာမှ မဟုတ်တာ ငါနဲ့မဆိုင်ပါဘူးဆိုသည့် သူများလဲ ရှိလိမ့်မည်။ သို့သော်‌ သွေးမြတ်ပြောချင်သည်က အကယ်၍ ဤအမှု၏ တရားခံမှာ ရဲသွေးမာန်မဟုတ်ခဲ့ပါလျှင် မိန်းမသားအများစုအတွက် စိုးရိမ်ရသည်။ 

သွေးမြတ်ချယ်အနေဖြင့် ဤဖြစ်စဉ်က မရိုးသားဟု ခံစားရသည်။ အမှုတရားလိုဖြစ်သည့် မာယာသွင်နှင့်ဆွေးနွေးရန်လိုအပ်နေသည်။ မာယာသွင်၏ ဖြစ်ကြောင်းကုန်စဉ်ကို သေချာသိရသည့်အခါမှ သွေးမြတ်ချယ်တို့အတွက် ပို၍ အဆင်ပြေမည်ဖြစ်သည်။ 

Opposite Direction (Ongoing)Where stories live. Discover now