Part(11) Uni+Zaw

370 38 3
                                    

အမှုကို ရပ်စဲထားသည်မှာ လေးရက်ကြာခဲ့ပြီဖြစ်သည်။ လေးရက်အတွင်း မာယာဘယ်သူနှင့်မှလဲ မတွေ့သလို ဖုန်းဆက်သမျှကိုလဲ မကိုင်ခဲ့ပေ။ မာယာရောက်နေသည့် ဟိုတယ်အခန်းအပြင်ကိုပင် မထွက်ခဲ့ပေ။ 

အမှုပြီးသည့်နေတွင် မာယာပြန်လာသည့် လမ်းတစ်လျှောက်မာယာအားကြည့်လာကြသည့် လူများ၏ မျက်လုံးများကို မာယာမေ့မရပေ။ မာယာအနေဖြင့် သက်သေကို အတိအကျမပြနိုင်သေးသည်က မာယာအမှားဖြစ်သော်လည်း အများထင်နေကြသကဲ့သို့ ရဲသွေးမာန်ကို အသုံးချကာ နာမည်ကြီးချင်စိတ်မရှိခဲ့တာအမှန်ပါ။

တစ်ချို့ထင်နေကြသကဲ့သို့ ရဲသွေးမာန်ကို နာမည်ပျက်စေလိုစိတ်လဲ မရှိခဲ့ပါ။ သို့သော် ဘယ်အရာက စတင်က မှားယွင်းသွားသည်ကိုမာယာနားမလည်နိုင်တော့ပေ။ ထိုညက အဖြစ်အပျက်များကို စဉ်းစားသည့်အချိန်တိုင်း မာယာနေသည့်အိမ်ထဲတွင် သူစိမ်းအမျိုးသားတစ်ယောက်ကို တွေ့ရသော်လည်း ထိုလူ၏မျက်နှာကို မသိရပေ။ မည်မျှပင်စဉ်းစားစေကာမှု မာယာလုံးဝ စဉ်းစား၍ မရပေ။

ဝေးဝါးနေသည့် မှတ်ဉာဏ်များနှင့် ရဲသေးမာန်ဟု ဆိုလိုက်သည့် စကားသံကိုသာ ပြန်ကြားနေမိသည်။ ထိုညမှာ မာယာအကူအညီတောင်းမိသည်လား မတောင်းမိလားဆိုသည်ကိုပင် မာယာမမှတ်မိနိုင်ခဲ့ပါ။ 

ဖုန်းဖွင့်ကာ fbထဲသို့ ဝင်လိုက်သည့်အခါတွင် မာယာအကြောင်းကို ဟာသလုပ်ပြောထားသူများကိုသာ တွေ့နေရသည်။ မာယာဘက်တွင် ရှိနေသူဟူ၍ တစ်ဦးပင် မတွေ့ရပေ။ မာယာ postများ၏ အောက်တွင် မန့်ထားသည်များကို ဖတ်ကြည့်လိုက်သည်။

'သွေးမြတ်ချယ်ကို သွားစမ်းတာကို ဟိုက မိန်းမဆိုတိုင်း သူ့ဘက်ပါမယ်ထင်တာနေမှာပေါ့'

'ဟုတ်ပဟယ် သွေးမြတ်ချယ်မှာ နှလုံးသားမရှိတာ သူမသိရှာတာ သနားစရာဘဲ'

'သွေးမြတ်ချယ်က နှလုံးသားမရှိတာမဟုတ်ပါဘူးဟယ် ငါတို့ တီသွေးက အမှန်တရားကို မြတ်နိုးတာပါနော် မသိတဲ့ကလေးက တိတ်တိတ်နေစမ်းပါ'

'အမယ် တီသွေးတဲ့ ဒါပေမဲ့နော် သွေးမြတ်ချယ်က သူတို့ ဂေဟာကလူကို မေးမယ်လို့တော့ ငါမထင်ထားခဲ့တာဟယ်'

Opposite Direction (Ongoing)Where stories live. Discover now