Part(6) Uni+Zaw

323 35 3
                                    

"ဒါက ကျွန်မရဲ့ အမှုသည် ရဲသွေးမာန်ရဲ့ သုတ်ပိုးဆေးစစ်ချက်ပါ တရားသူကြီးမင်း "

သွေးမြတ်ချယ် တရားသူကြီးထံသို့ ကြိုတင်စစ်ဆေးထားသည့် ဆေးစစ်ချက်အားတင်သွင်းလိုက်သည်။ မုဒိမ်းမှုတစ်ခုမှာ တစ်ဖက်မိန်းကလေး၏ ကိုယ်အတွင်း တရားခံအမျိုးသား၏ သုတ်ပိုးအားတွေ့ခဲ့လျှင် ဘယ်လိုအကြောင်းအရာမျိုးကြောင့်မဆို ငြင်းချက်မရှိ မုဒိမ်းမှု မြောက်ပြီဖြစ်သည်။ 

အတိအကျဆိုရလျှင် အမျိုးသား၏ အင်္ဂါဇာတ်ဟာ အမျိုးသမီး၏ အင်္ဂါအတွင်း သွင်းမိလျှင်ပင် မုဒိမ်းမှုဟု ယူဆရန်အတွက် လိုအပ်သည့် ကာမစက်ယှက်မှုဖြစ်မြောက်ရန်အတွက် လုံလောက်သည်။ 

မျက်မြင်သက်သေ၊ cctv သက်သေ မရှိသည့် အခုအမှုအတွက် လိုအပ်သည့် အခြေခံသက်သေအချက်အလက်မှာ သုတ်ပိုးစစ်ဆေးချက်ဖြစ်သည်။ သုတ်ပိုးစစ်ဆေးချက်မှာ လွတ်မြောက်ခဲ့လျှင် ရဲသွေးမာန်ဟာ အမှုကို ကျုးလွန်သူအဖြစ်မှ ၂၀% လွတ်မြောက်နိုင်သည်။ 

"အင်း တရားလိုအမျိုးသမီးဘက်ကတော့ ကိုယ်တွင်းသုတ်ပိုးစစ်ဆေးချက်မရှိခဲ့ဘူးနော် ဘာလို့လဲဆိုတာ ပြောပြပေးနိုင်မလား "

"ဒီအမှုအတွက် အရေးကြီးတာက သုတ်ပိုးစစ်ချက်လဲ ပါတယ်ဆိုတာ ရှေ့နေတစ်ယောက်အနေနဲ့ မေ့နေတာတော့ မဟုတ်ဘူးမဟုတ်လား"

နွေခက် တရားသူကြီးနှင့် တရားခွင်အတွင်းရှိနေသော သူများ၏ အကြည့်ကြောင့် အနည်းငယ်ပင် ရှိန်နေသည်။ သို့သော် နွေခက်အနေဖြင့် ထိုအရာကို အရေးကြီးသည်ဆိုသည်ကို နားလည်သော်လည်း မာယာ့သွင်၏ ကိုယ်တွင်းသုတ်ပိုးစစ်ချက်မှာ 0 ဖြစ်နေသည်။ 

"ဟုတ်ကဲ့ ကျွန်မအနေနဲ့ မာယာ့သွင် ကိုယ်ထဲမှာ သုတ်ပိုးရှိမရှိကို စစ်ဆေးမှု ပြုလုပ်ခဲ့ပါတယ် တရားသူကြီးမင်း "

တစ်ဖက်က ဤအကြောင်းအရာကို ပထမရုံးချိန်းမှာပင် တင်ပြလိမ့်မည်ဟု မထင်ထားမိသဖြင့် နွေခက် အဖြေကို မပြင်ဆင်ထားမိပေ။ နွေခက်လုံးဝထင်မထားသည့် သွေးမြတ်ချယ်၏ အမှုသည်အပေါ်ယုံကြည်မှုကိုပင် ခံစားလိုက်ရသည်။ 

Opposite Direction (Ongoing)Where stories live. Discover now