"ကျွန်မဘက်က ရှေ့နေသွေးမြတ်ချယ်ရဲ့ အမှုသည် ဒေါ်စန္ဒာဟာ သူရဲ့အမျိုးသားဖြစ်သူ ကိုရန်ပိုင်ကို သတ်ခဲ့တယ်ဆိုတဲ့အကြောင်းကို သက်သေပြရန်အတွက် video မှတ်တမ်းတစ်ခုကို သက်သေအဖြစ်တင်ပြပေးချင်ပါတယ် တရားသူကြီး"
ယခုသက်သေသည် နွေခက်အတွက် နောက်ဆုံးသက်သေတစ်ခုဖြစ်သည်။ ဤသက်သကို တင်သွင်းနိုင်မှသာလျှင် ဒေါ်စန္ဒာက တရားခံဖြစ်သည်ဆိုသည်ကို သက်သေပြနိုင်တော့မည် ဖြစ်သည်။
"ကန့်ကွက်ပါတယ် တရားသူကြီးရှင့် ယခု ဒေါ်နွေခက်နွယ် တင်ပြပေးမယ့် သက်သေဟာဆိုရင် ကြိုတင်လျှောက်ထားမှု မရှိတဲ့ သက်သေတစ်ခုဖြစ်တာကြောင့် တရားခွင်မှာ တင်ပြခွင့် မပြုပေးဖို့ လျှောက်ထားအပ်ပါသည်။"
"ကျွန်မကြိုတင် တင်ပြထားမှု မရှိခဲ့ခြင်းဟာ သက်သေဖြစ်တဲ့ မှတ်တမ်းကို တရားခံဘက်မှ ဖျောက်ဖက်ရန် ကြိုးစားနိုင်သည့် အတွက်ကြောင့် မတင်ပြခဲ့ခြင်းသားဖြစ်ပါသည် တရားသူကြီးမင်း"
"ကျေးဇူးပြုပြီး ကျွန်မတင်သွင်းသည့် သက်သေကို ကြည့်ရှုပေးပါ တရားသူကြီးမင်း"
"ကောင်းပြီ သက်သေအား တင်သွင်းစေ "
တရားသူကြီး၏ ခွင့်ပြုမိန့်ကို ကြားပြီးသည်နှင့် နွေခက် လက်ထဲတွင် ရှိနေသော stick လေးအား ပေးလိုက်သည်။ တစ်ဖက်တွင် ရှိနေသည့် သွေးမြတ်ချယ်ကိုလဲ ပြုံးပြရန် မမေ့ပါ။ သွေးမြတ်ချယ်၏ ထိတ်လန့်နေသည့် မျက်နှာကို ကြည့်ရခြင်းသည် နွေခက်နွယ်အတွက် အောင်မြင်မှုတစ်ခုဆိုလျှင်လဲ မမှားပေ။
ဤအမှုအတွက် ရုံးချိန်းတိုင်းတွင် သွေးမြတ်ချယ်က နွေခက်အား အမြဲအနိုင်ပိုင်းလေ့ရှိသည်။ ဒီတစ်ခေါက်ကော ဘယ်လိုချေပအုံးမှာလဲ သွေးမြတ်ချယ်။
တရားသူကြီး ဖွင့်ခိုင်းလိုက်သည့် video ဖိုင်အား သေချာကြည့်လိုက်သည်။ ဆေးဆိုင်တစ်ခုတွင် ဒေါ်စန္ဒာဆေးဝယ်နေသည့် video ဖိုင်ဖြစ်သည်။ ဆေးဝယ်နေသည်က မထူးဆန်းသော်လည်း ဝယ်လိုက်သည့်ဆေးက ပြဿနာဖြစ်နေသည်။ ပြင်ထန်းလွန်းသည့်အိပ်ဆေးတစ်မျိုးဖြစ်သည်။ ထိုဆေးသည် ကိုရန်ပိုင်အား သေစေခဲ့သည့် ဆေးဆိုလျှင်လဲ မမှားပေ။
YOU ARE READING
Opposite Direction (Ongoing)
Romansaတရားခွင်တိုင်းကို အနိုင်ရခဲ့ပေမယ့် နွယ်ရဲ့ နှလုံးသား တရားခွင်မှာတော့ သွေးမြတ်ချယ်တို့ရှုံးခဲ့ရပြီ.... သွေးမြတ်ချယ်ရီနိုင် မင်းမရှုံးခဲ့ပါဘူး မြတ်ရယ်... နွေခက်နွယ်ဆိုတဲ့ အမျိုးသမီးရဲ့ နှလုံးသားပိုင်ရှင်က သွေးမြတ်ချယ်ရီနိုင်ဆိုတာ အမှန...