သွေးမြတ်တို့ တစ်ညလုံးကားစီးလာခဲ့လိုက်သည်မှာ နောက်တစ်နေ့မနက် (၉)နာရီခန့်တွင် သွေးမြတ်သို့ သွားမည့် ရွာလေးရှိနေသည့် မြို့လေးတွင် ဆင်းလိုက်သည်။ ကြားမြို့လေးဖြစ်၍ မြို့ကြီးများကဲ့သို့ အရမ်းတော့ စည်ကားနေခြင်းမရှိပါ။
သွေးမြတ်တို့စီးလာသည့် high classကားဂိတ်လေးသည် ဤမြို့လေးတွင်ရှိသော မြို့မဈေးနှင့် နီးသည်ဟု ဆိုရမည်။ ကားဂိတ်၏ အရှေ့ဘက်တွင်လဲ ဘဏ်များကို တွေ့ရသည်။ မြို့လေးတွင် ဆိုင်ကယ်များကိုသာ တွေ့နေရသဖြင့် ဆိုင်ကယ်ကိုအများဆုံးအသုံးပြုသည့် မြို့လေးဖြစ်မည်ဆိုသည်ကိုလဲ သွေးမြတ်သိလိုက်သည်။
"နွေခက်တို့က ဘယ်ရပ်ကွက်ကို သွားရမှာလဲ သွေးမြတ်"
"ဒီမြို့မှာ နေမှာမဟုတ်ဘူး ဒေါ်နွေခက်၊ သူတို့ လာခေါ်မှာ ဟိုးကိုကြည့်လိုက် တောင်တန်းတွေ့လား"
နွေခက်နှင့် မာယာတို့ သွေးမြတ်ညွှန်ပြသည့် နေရသို့ ကြည့်လိုက်သည်။ စိမ်းညို့နေသည့် တောင်တန်းကြီးတစ်ခုအားတွေ့လိုက်ရသည်။
"အင်းတွေ့တယ်လေ ဘာဖြစ်လို့လဲ "
"တီသွေး မဟုတ်မှ မာယာတို့ကို ခေါ်လာတာက.."
"အင်းဟုတ်တယ် အဲ့တောင်ရဲ့ အနောက်ဘက်မှ ရှိနေတဲ့ရွာလေးကို သွားမှာ"
"ဘာ! အဲ့တောင်ကိုတောင် ကျော်ရအုံးမှာ ဟုတ်လား သွေးမြတ်ချယ်"
သွေးမြတ်၏ စကားကြောင့် နွေခက်အတော်ပင် အံ့ဩသွားသည်။
"ဟုတ်တယ်လေ။မာယာသွင် ပါလာတဲ့ပစ္စည်းတွေ စုံပြီလား သေချာစစ်နော် ကျန်ခဲ့တာဆို လာယူလို့ အဆင်မပြေဘူး"
သွေးမြတ် ဒေါ်နွေခက်၏အမေးကို ဖြေရင်း မာယာသွင်အား တစ်ခါပြောလိုက်သည်။
"ဟုတ်ကဲ့ တီသွေး"
"အမြတ် မင်းလာအုံး လာအုံး"
သွေးမြတ်၏ လက်ကိုအတင်းဆွဲကာ မာယာနှင့် အနည်းငယ်လှမ်းသည့် နေရာသို့ ခေါ်လာသည့် နွေခက်ကြောင့် သွေးမြတ်ပါလာရသည်။
"ဘာပြောမှာမလို့ ဒီအထိခေါ်လာတာလဲ ဒေါ်နွေခက် ကျွန်မပစ္စည်းတွေစစ်ရအုံးမယ်"
YOU ARE READING
Opposite Direction (Ongoing)
Romanceတရားခွင်တိုင်းကို အနိုင်ရခဲ့ပေမယ့် နွယ်ရဲ့ နှလုံးသား တရားခွင်မှာတော့ သွေးမြတ်ချယ်တို့ရှုံးခဲ့ရပြီ.... သွေးမြတ်ချယ်ရီနိုင် မင်းမရှုံးခဲ့ပါဘူး မြတ်ရယ်... နွေခက်နွယ်ဆိုတဲ့ အမျိုးသမီးရဲ့ နှလုံးသားပိုင်ရှင်က သွေးမြတ်ချယ်ရီနိုင်ဆိုတာ အမှန...