"ဟုတ်တယ်မလား ရှေ့နေနွေခက်နွယ်"
နွေခက် အနောက်ဘက်သို့လှည့်ကြည့်လိုက်သည်။ နွေခက်တွေ့လိုက်ရသူကြောင့် အတော်ပင်အံ့ဩသွားသည်။ သူကလဲ နွေခက်နှင့်အတူရှိနေသည့် သွေးမြတ်အား အံ့ဩသကဲ့သို့ ကြည့်နေသည်။ သူ၏ မျက်လုံးတို့သည် သွေးမြတ်၏လက်ကို ဆုပ်ကိုင်ထားသည့် နွေခက်၏ လက်များသို့ စိုက်ကြည့်နေသဖြင့် နွေခက် သွေးမြတ်၏လက်ကို ဖြုတ်လိုက်သည်။
"အာ ဟုတ်ပါ့မလားလို့ တကယ်ဟုတ်နေတာဘဲ ရှေ့နေသွေးမြတ်ချယ်ကော ပါတာဘဲ "
"ယဉ်လေးမောင် က"
"အာ ဟုတ်ကဲ့ အစ်မက မသိဘူးနော်၊ ညီမက ဒီရွာသူလေ။ ရွာမှာ ဘုရားပွဲရှိတယ်ပြောလို့ လာလည်လိုက်တာ မရောက်ဖြစ်တာလဲ အတော်ကြာနေပြီမလို့လေ၊ အစ်မတို့သာ ဒီကို လာမယ်ဆိုတာ သိရင် အတူတူလိုက်လာခဲ့ပါတယ်"
"သွေးမြတ်က ဒီကို ရောက်ဖူးတာမလို့ ဘုရားပွဲမှာ လာလည်ဖို့ခေါ်လို့ လိုက်လာခဲ့လိုက်တာလေ၊ ဒါနဲ့ ယဉ်လေးက ဒီအိမ်ရဲ့"
"တူမလေ အဒေါ်တို့ မိသားစုအိမ်ပေါ့၊"
"အော် အင်းအင်း"
"ဒေါ်နွေခက် သွားကြရအောင်လေ "
ဒေါ်နွေခက်ကိုသာ ပြုံးရယ်ကာ စကားပြောနေသော်လည်း သွေးမြတ်ကိုတော့ သဘောမကျသည့် အရိပ်အယောင်မှာ ပေါ်လွန်နေသည်။ အခုနက အဒေါ်ကိုယ်တိုင် ဒီအိမ်၏ သမီးဟု ပြောထားခဲ့သည်ကို ယခု သူက တူမဟု ပြောလာသည့် သွေးမြတ် ယဉ်လေးမောင်ဆိုသူအား စိုက်ကြည့်နေလိုက်သည်။
"ဒါနဲ့ အစ်မတို့နှစ်ယောက်က ပြိုင်ဘက်ရှေ့နေမဟုတ်လား ဘယ်လိုလုပ် ဒီလောက်ထိရင်းနှီးနေတာလဲ သူငယ်ချင်းတွေလား"
"ဟင် အင်းဘယ်လိုပြောရမလဲ"
"ဒေါ်နွေခက်က သွေးမြတ်ချယ်ချစ်သူလေ၊ ဟုတ်တယ်မလား ဒေါ်နွေခက်"
နွေခက်ဘာပြောရမှန်း မသိခင် ရုတ်တရပ်ပြောလိုက်သည့် သွေးမြတ်ကြောင့် နွေခက် ယဉ်လေးအားကြည့်လိုက်သည်။
"ဟင်၊ အော် အွန်း ဟုတ်တယ် အစ်မနဲ့ သွေးမြတ်နဲ့က ချစ်သူတွေလေ ယဉ်လေး"
YOU ARE READING
Opposite Direction (Ongoing)
Romanceတရားခွင်တိုင်းကို အနိုင်ရခဲ့ပေမယ့် နွယ်ရဲ့ နှလုံးသား တရားခွင်မှာတော့ သွေးမြတ်ချယ်တို့ရှုံးခဲ့ရပြီ.... သွေးမြတ်ချယ်ရီနိုင် မင်းမရှုံးခဲ့ပါဘူး မြတ်ရယ်... နွေခက်နွယ်ဆိုတဲ့ အမျိုးသမီးရဲ့ နှလုံးသားပိုင်ရှင်က သွေးမြတ်ချယ်ရီနိုင်ဆိုတာ အမှန...