ညနေ(၅)နာရီထွက်မည့်ကားအတွက် ကားဂိတ်သို့ (၄)နာရီခွဲနောက်ဆုံးထား ရောက်ရသည်ဖြစ်၍ နွေခက်တို့ အိမ်မှာ စောစောထွက်လာခဲ့လိုက်သည်။အောင်မင်္ဂလာအဝေးပြေးကားကြီးကွင်းထံသို့ ရောက်ရန်နွေခက်တို့ အနည်းဆုံး (၂)နာရီနီးပါးကားစီးရသည်။လမ်းဝေးသည်က နည်းနည်း ကားလမ်းပိတ်သည်က များသည်ဖြစ်၍ အိမ်ကစောစောထွက်နိုင်မှ အဆင်ပြေမည်ဖြစ်သည်။
နွေခက်တို့ ကားဂိတ်ရောက်ချိန်တွင် (၄)နာရီ (၁၀)မိနစ်ရှိနေပြီဖြစ်သည်။ နွေခက်တို့ ရောက်ပြီး မကြာမှီမှာပင် သွေးမြတ်ချယ်ရောက်လာသည်။ Tshirt အင်္ကျီအပွကို ဘောင်းဘီရှည်ဖြင့် တွဲဝတ်ထားကာ အပေါ်က လက်ရှည်ထပ်ဝတ်ထား၍ ဆံပင်အားလုံးကို သိမ်းကာ မြှောက်စီးထားသဖြင့် သွေးမြတ်ချယ်၏ မျက်နှာအားရှင်းလင်းစွာမြင်နေရသည်။
သွေးမြတ်၏ဘေးတွင် သွေးမြတ်၏လက်ဆွဲတော် စုစုလဲ ပါလာသည်ကို တွေ့လိုက်ရသည်။ စုစုသည် သွေးမြတ်အတွက် တကယ်ကို တပည့်ကောင်းပင်ဖြစ်သည်။သွေးမြတ်လိုချင်သည့်အရာအား အချိန်မရွေးရှာပေးနိုင်သည့် စုစုအား နွေခက်မလေးစားဘဲ မနေနိုင်ပေ။
စုစုက သွေးမြတ်၏ အိတ်လေးအားနွေခက်တို့ အထုတ်နားသို့ ကပ်ထားပေးသည်။
"ဒါဆိုစုစုပြန်လိုက်အုံးမယ်နော် အစ်မ၊ ရောက်တဲ့အခါ စုစုကို ဖုန်းဆက်ပေးနော်"
"အင်း အစ်မဖုန်းဆက်လိုက်မယ်၊ အစ်မတို့နေရမယ့် အိမ်လိပ်စာကို အစ်မကိုမက်ဆေ့ပို့ထားလိုက်နော် စုစု"
"ဟုတ်ကဲ့အစ်မ"
"အစ်မဟိုဘက်က ပေးပို့တဲ့အချက်အလက်တစ်ခုချင်းစီကို မှတ်ထားပေးနော်စုစု။ လိုအပ်ရင် နွေခက်နွယ်လက်ထောက် သက်စံကိုခေါ်လိုက်။ ဒီဘက်မှာ တစ်ခုခုထူးခြားတာရှိတယ်ဆို အစ်မကို ဖုန်းဆက်တာထပ် မက်ဆေ့ပို့ထားပေး။ အစ်မတစ်နေ့တစ်ခါစစ်ပေးမယ်"
"ဟုတ်ကဲ့ အစ်မ စုစုပို့ပေးပါမယ်။ဒါနဲ့ အစ်မ မာယာသွင်အိမ်အနီးမှာ cctvရှိတဲ့ ကုန်စုံဆိုင်တစ်ခုကို စုစုတွေ့ထားတယ် အစ်မ၊ စုစုသွားစစ်ကြည့်ပေးရမလား"
"အစ်မပြန်လာတဲ့အခါ လိုအပ်မှ စစ်မယ်၊ စုစုကအခုတလော မာယာသွင်နေတဲ့အိမ်ဘက်ကို အတတ်နိုင်ဆုံးမသွားနဲ့စုစု၊ ပြီးတော့ မာယာသွင်အမှုကို စုံစမ်းနေတာ မသိသာစေနဲ့၊ကိုယ့်ဘက်က နည်းနည်းအရိပ်ပြဖို့ လိုအပ်လာပြီဆိုရင် အစ်မပြောပေးမယ်။ ဘာမှ မသေချာသေးခင် အရမ်းလှုပ်ရှားတာက တစ်ဖက်လူကို ထွက်ပေါက်ပေးလိုက်သလိုဖြစ်နေမယ်"
YOU ARE READING
Opposite Direction (Ongoing)
Romanceတရားခွင်တိုင်းကို အနိုင်ရခဲ့ပေမယ့် နွယ်ရဲ့ နှလုံးသား တရားခွင်မှာတော့ သွေးမြတ်ချယ်တို့ရှုံးခဲ့ရပြီ.... သွေးမြတ်ချယ်ရီနိုင် မင်းမရှုံးခဲ့ပါဘူး မြတ်ရယ်... နွေခက်နွယ်ဆိုတဲ့ အမျိုးသမီးရဲ့ နှလုံးသားပိုင်ရှင်က သွေးမြတ်ချယ်ရီနိုင်ဆိုတာ အမှန...