ညအနည်းငယ် မိုးချုပ်သည့်အချိန်တွင် သွေးမြတ်တို့ အဖွား၏ အိမ်လေးဆီသို့ ထွက်လာခဲ့ကြသည်။
"အဖွား နွေခက်တို့ပါ "
"အေအေ ဝင်လာခဲ့ကြလေ လာအိမ်ထဲကို ဝင်လေ"
"ဟုတ်ကဲ့အဖွား"
နွေခက်တို့ ဧည့်ခန်းထဲမှ ခုံတွင် ဝင်ထိုင်လိုက်သည့်အချိန်တွင် အခန်းအတွင်း အလွန်မွှေးသည့် အနံ့တစ်ခုအား ခံစားမိလိုက်သည်။
"အဖွား အခန်းထဲဘာလုပ်ထားတာလဲ မွှေးနေသလိုဘဲ"
"ပိတ်ထားတဲ့ အဖွားရဲ့ အခန်းထဲကလေ "
နွေခက်အဖွားပြောသည့်အခန်းဘက်ကိုကြည့်လိုက်သည်။ နွေခက်လာသည့်အချိန်တိုင်း အမြဲပိတ်ထားတတ်သည့် အခန်းလေးအား တံခါးဖွင့်ထားသည်ကို တွေ့လိုက်ရသည်။
"အဲ့အခန်းလေးက ဘယ်သူ့အခန်းလဲအဖွား"
"အဖွားနဲ့ အဖွားအမျိုးသားတို့ နေခဲ့တဲ့အခန်း၊ အဖွားအစော်ကားခံရတဲ့ အခန်းလို့ပြောရင် ဟုတ်နေမလား။ အဲ့အခန်းထဲဝင်တိုင်း အဲ့အနံ့ကို ရတဲ့အချိန်တိုင်း ကြောက်လန့်လွန်းလို့ အမြဲပိတ်ထားခဲ့တာ။ အခုတော့လဲ အဲ့လောက်ထိ မဟုတ်တော့ဘူးလို့ ထင်ရတယ်။ အနံ့တွေကဘဲ မပြင်းတော့လို့လားဘဲ"
နွေခက် အဖွား၏ ခါးသက်သက်အပြုံးတစ်ပွင့်ကြောင့် ဘာဆက်ပြောရမည်ကို မသိတော့ပေ။
"ကျွန်မ ဒီညအဖွားပြောပြမယ့် အကြောင်းအရာကို မှတ်တမ်းယူထားချင်တယ်ဆို အဆင်ပြေမလား အဖွား"
"ရပါတယ် အကယ်၍ သက်သေအဖြစ်တင်မယ်ဆိုရင်တော့ အဖွားနာမည်အရင်းကို မသုံးပါနဲ့"
"စိတ်ချပါအဖွား ကျွန်မက အဖွားတို့အတွက် ရှေ့နေတစ်ယောက်မဟုတ်ပါဘူး။ အဖွားအတွက်တင်မဟုတ်ဘူး ဒီဘက်က မာယာသွင်ရဲ့ ရှေ့နေတစ်ယောက်လဲ မဟုတ်ဘူး အဖွား။ တစ်ခြားတစ်ယောက်ရဲ့အချက်အလက်ကို ကျွန်မအလွယ်တကူ ဖွင့်မဟတတ်ပါဘူး"
"ကောင်းပါပြီ ဒါပေမဲ့ အဖွားရဲ့ အကြောင်းကို မပြောပြခင်မှာ ဒီဘက်က မြေးတို့အကြောင်းအရင်သိခွင့်ရနိုင်မလား၊ မြေးဘယ်အချိန်မှာ ဖြစ်ခဲ့ရတယ်ဆိုတာ ပြောပြပေးနိုင်မလား"
YOU ARE READING
Opposite Direction (Ongoing)
Romanceတရားခွင်တိုင်းကို အနိုင်ရခဲ့ပေမယ့် နွယ်ရဲ့ နှလုံးသား တရားခွင်မှာတော့ သွေးမြတ်ချယ်တို့ရှုံးခဲ့ရပြီ.... သွေးမြတ်ချယ်ရီနိုင် မင်းမရှုံးခဲ့ပါဘူး မြတ်ရယ်... နွေခက်နွယ်ဆိုတဲ့ အမျိုးသမီးရဲ့ နှလုံးသားပိုင်ရှင်က သွေးမြတ်ချယ်ရီနိုင်ဆိုတာ အမှန...