Part(4) Uni+Zaw

349 32 3
                                    

သွေးမြတ်အတွက် မည်သည့်အမှုကိုမျှ လက်မခံဘဲ နားနေသည်မှာ အတော်ကြာနေပြီဖြစ်သည်။ ဒီနေ့တွင်တော့ ထူးဆန်းစွာဖြင့် သွေးမြတ်ချယ်ကိုသာ အပ်ချင်ပါသည်ဆိုသော အမှုတစ်ခု ရှိနေသည်ဟု စုစုထံမှ ဖုန်းဆက်လာသဖြင့် သွေးမြတ် ရုံးသို့ ထွက်လာခဲ့လိုက်သည်။ 

"စုစု "

"ဟုတ်အစ်မ "

"အစ်မနဲ့ အမှုအပ်မယ့်သူတွေရောက်နေပြီလား"

"ဟုတ်ကဲ့ အစ်မ ဆွေးနွေးခန်းထဲမှာ စောင့်နေပါတယ်အစ်မ"

"အင်း အစ်မအရင်သွားလိုက်မယ် စုစုက ထုံးစံအတိုင်း စာချုပ်ယူခဲ့ပေးနော်"

"ဟုတ်ကဲ့ အစ်မ"

သွေးမြတ်ချယ် ဆွေးနွေးခန်းထဲသို့ သွားလိုက်သည်။ ဆွေးနွေးခန်းထဲတွင် မျက်မှန်အနက်ထပ်ထားကာ ထိုင်နေသည့် သူတစ်ဦးနှင့် သူ့ဘေးတွင် မတ်တပ်ရပ်နေသည့် သူတစ်ဦးကိုလဲတွေ့လိုက်ရသည်။ 

"သွေးမြတ်ချယ်ပါ ကျွန်မနဲ့အမှုအပ်မှာ ဘယ်သူလဲ မသိဘူး"

"သူပါ"

မတ်တပ်ရပ်နေသူက ထိုင်နေသူအားညွှန်ပြလာသဖြင့် သွေးမြတ်ချယ်သေချာကြည့်လိုက်သည်။ အခုနောက်ပိုင်းလူငယ်အများစုက ဘာလို့ ပြစ်မှုကျူးလွန်ရခြင်းကို ထမင်းစားရေသောက်ထက်ပင် ပိုလွယ်ကူလာကြသည်ဆိုသည်ကို သွေးမြတ်အနေဖြင့်နားမလည်နိုင်ပေ။ 

"ရှင်က ထိုင်မှာဆို ထိုင် မထိုင်ရင် အပြင်ထွက် မတ်တပ်ရပ်နေတာကို ကျွန်မလုံးဝမကြိုက်ဘူး"

သွေးမြတ်ချယ်၏ စကားအဆုံးထိုလူက ထိုင်နေသူအား အရင်ကြည့်လိုက်ပြီးသည့်အခါမှ ထိုလူခေါင်းငြိမ့်ပြလိုက်မှ ဝင်ထိုင်လိုက်သည်။ 

"အစ်မ စာချုပ်ယူလာပါပြီ"

"အင်းစုစု ထိုင်တော့ ကျွန်မနဲ့ အပ်ချင်တယ်ဆိုတဲ့ အမှုက ဘာအမှုလဲ"

သွေးမြတ်ချယ် စုစုကို ပြောရင်း တစ်ဖက်က ထိုင်နေသည့် မျက်မှန်နှင့်လူကို ကြည့်ကာ မေးလိုက်သည်။

"ရှေ့နေခင်ဗျ ဟို"

"ကျွန်မမေးနေတာ ကျွန်မကို အမှုအပ်မယ့်သူကို ပြီးတော့ကျွန်မတစ်ခုပြောအုံးမယ် ကျွန်မဆီအမှုလာအပ်မှာ‌‌တော့ သေချာတာသူက လက်ရှိတရားခံတစ်ယောက်ဘဲ အဲ့တော့ကိုယ်ရှုပ်ထားတဲ့ အရှုပ်ကို ကိုယ်တိုင်ဖြည်မှပေါ့ တစ်ခြားတစ်ယောက်ကဖြည်နေလို့ လိုချင်တဲ့အရာ ရနိုင်မှာမဟုတ်ဘူး ကျွန်မပြောချင်တာ နားလည်တယ်နော်"

Opposite Direction (Ongoing)Where stories live. Discover now