"သွေးမြတ် အဖွားက သူ့အကြောင်းပြောပြမယ်လို့ထင်လား"
ပြဿနာများ၏ ဖြစ်ကြောင်းကုန်စဉ်ကို အတတ်နိုင်ဆုံး အမြန်သိချင်သည်ဖြစ်၍ မနက်အစောမှာပင် နွေခက်တို့ ဆရာမလေး၏ အိမ်သို့ ထွက်လာခဲ့သည်။
"ကျွန်မလဲ မသိဘူး ဒေါ်နွေခက်၊ ဒါပေမယ့် ကျွန်မတို့မှာ တရားခံနဲ့ပတ်သက်ပြီး ရှာဖွေနိုင်တဲ့ မျှော်လင့်ချက်က အဖွားဘဲရှိတော့တယ်"
"အင်း နွေခက်စိတ်ပူမိတာက အဖွားရဲ့ မေ့ပျောက်ထားတဲ့အရာတစ်ခုကို ထပ်ပြီးသတိပေးလိုက်သလို ဖြစ်နေမှာကိုဘဲ ၊ အနာဟောင်းဆိုပေမယ့် အဲ့အရာကို ပြန်သတိရလိုက်တဲ့အချိန်တိုင်း နာကျင်မှုကတော့ အရင်အတိုင်းဘဲ မဟုတ်လား"
"ဒေါ်နွေခက်ပြောချင်တာကို နားလည်ပါတယ်၊ အဖွားအနေနဲ့ အခုအချိန်မှာ ပြောပြလို့ အဆင်မပြေသေးဘူးဆိုရင်တောင် အဖွားပြောလာမယ့်အချိန်ထိ စိတ်ရှည်ရှည်နဲ့ စောင့်ကြတာပေါ့ မဟုတ်ဘူးလား"
"အင်း မာယာ့ကို ဘာဖြစ်လို့ ဒီနေ့မှာ မခေါ်လာတာလဲ သွေးမြတ်၊ အခုအခြေအနေမှာ သူတစ်ယောက်ထဲ ရှိနေတာက ပိုမကောင်းဘူးမဟုတ်လား"
မနေ့က ဆရာမလေးအိမ်မှ ပြန်လာသည့်အချိန်ကစ၍ မာယာမျက်နှာမကောင်းပေ။ တူညီတဲ့ ဒဏ်ရာရထားဖူးသူတစ်ယောက်ဖြစ်နေတော့ အဖွားကို သနားသည်ထင်သည်။ စိတ်အဆင်မပြေဖြစ်နေသည့် မာယာကို သွေးမြတ်က ဒီနေ့မလိုက်ခဲ့တော့ရန် ပြောသည့်အတွက် အိမ်တွင် ကျန်ခဲ့သည်။
"သူ့ကို တစ်ယောက်ထဲထပ် မနက်ဖြန် ဘုရားပွဲဖွင့်ပွဲအတွက် လိုအပ်တာကို ကူညီပေးဖို့ ပြောထားတာမလို့ စိတ်မပူပါနဲ့။"
မနက်ဖြန်မှာ ရွာဘုရားပွဲ ဖွင့်ပွဲရှိသည်ဖြစ်၍ သူကြီးနှင့် အဒေါ်တို့အလုပ်ရှုပ်နေကြသည်။ ရွာထဲမှ အပျိုများကလဲ မနက်ဖြန် ဘုရားပွဲဖွင့်ပွဲတွင် လာရောက်ကြမည့်သူများအတွက် ဧည့်ခံကျွေးမွေးမည့် အစားအသောက်များကို ကြိုတင်ပြင်ဆင်ရန်အတွက် သူကြီးအိမ်သို့ ရောက်နေကြသဖြင့် မာယာကို ထိုလူများနှင့် အတူရှိနေပြီး တတ်နိုင်သည့်အလုပ်များကို ကူညီပေးရန် ပြောထားခဲ့သည်။ ထို့ကြောင့် အဖွားအိမ်သို့ လိုက်ကာ ဝမ်းနည်းနေမည့်အစား အများနှင့် အတူရှိနေသည်က မာယာအတွက် ပိုကောင်းသည်။
YOU ARE READING
Opposite Direction (Ongoing)
Romanceတရားခွင်တိုင်းကို အနိုင်ရခဲ့ပေမယ့် နွယ်ရဲ့ နှလုံးသား တရားခွင်မှာတော့ သွေးမြတ်ချယ်တို့ရှုံးခဲ့ရပြီ.... သွေးမြတ်ချယ်ရီနိုင် မင်းမရှုံးခဲ့ပါဘူး မြတ်ရယ်... နွေခက်နွယ်ဆိုတဲ့ အမျိုးသမီးရဲ့ နှလုံးသားပိုင်ရှင်က သွေးမြတ်ချယ်ရီနိုင်ဆိုတာ အမှန...