နေရောင်ပင် ကောင်းစွာ မထွက်ပေါ်လာသေးသော်လည်း မနက်အစော အလုပ်သွားကြသည့် ရွာသားများအသံကြောင့် သွေးမြတ်နိုးလာခဲ့သည်။ သူကြီး၏ အိမ်အရှေ့ဘက်သည် ရွာလမ်းမကြီးဟု ဆိုရမည့် အဓိကလန်းဖြစ်သည်ဖြစ်၍ ညဘက်တွင် လူရှုပ်နေတတ်သကဲ့သို့ မနက်ဘက်တွင်လဲ ဆူညံနေခြင်းဖြစ်မည်။
သွေးမြတ် ဆက်၍လဲ အိပ်မရတော့သည်ဖြစ်၍ ထလိုက်ကာ အိပ်ခန်းအပြင်ဘက်သို့ထွက်လာလိုက်ချိန်တွင် ဆိုင်ကယ်ပေါ်တွင် တက်နေသည့် လူငယ်တစ်ဦးအား တွေ့လိုက်ရသည်။ မနေ့ညက သွေးမြတ်တို့ အိမ်ထဲဝင်သည်အထိ ထိုလူငယ်အား မတွေ့ရပေ။
"ဒါက ကျွန်မသားလေ။ သူက လယ်ထဲမှာ အနေများတာ၊ ဒီနေ့မြို့ပေါ်သွားမှာမလို့ လာခေါ်ခိုင်းထားတာ။ ကျုပ်တို့ရဲ့ ဆူညံသံကြောင့် နိုးလာတယ်ထင်တယ်"
သူကြီးမိန်းမ သွေးမြတ်ကို မြင်သိနှင့် ပြောလာခဲ့သည်။ သွေးမြတ် ခေါင်းခါပြလိုက်ကာ
"အခုထိ နေတောင်သေချာမထွက်သေးဘူးမဟုတ်လား။ အဒေါ် တို့ခဏလောက်စောင့်ပါအုံးလား"
"မစောင့်တော့ဘူးကွဲ့။ ဒီအချိန်လောက်သွားမှ တော်ကာကြမှာ၊ နေထွက်ခါမှ သွားမယ်ဆို အပြန်ခါ မွန်းတည့်နေလိမ့်မယ်။ ကဲကျုပ်တို့ သွားလိုက်အုံးမယ်။ ပြန်အိပ်လို့ရသေးတယ်ဆို ခဏလောက်ပြန်အိပ်လိုက်ပါဦး"
"ဆက်အိပ်လို့ကတော့ မရတော့ဘူး အဒေါ်၊ အဒေါ်ဈေးသွားနေချိန် ဘာလုပ်ပေးထားရမလဲ"
"အမယ်လေး ရပါပြီတော် နားနားနေနေ နားပါအုံး ၊ကဲ ကဲ စကားပြောနေရင်နောက်ကျတော့မှာမလို့ အပြန်ခါမှ ဆက်ပြောကြတာပေါ့"
"ဟုတ်ကဲ့ အဒေါ်"
ဆိုင်ကယ်အနောက်တွင် အဒေါ်ထိုင်ပြီးသည်နှင့် မောင်းထွက်သွားတော့သည်။သွေးမြတ် ကိုယ်လက်သန့်စင်လိုက်ကာ အဝတ်အစားလဲလိုက်သည်။
ဒေါ်နွေခက်တို့ မနိုးသေးသည်ဖြစ်၍ အပြင်ဘက်တွင်ထိုင်ကာ ညက စုစုပို့ထားသည့် အချက်အလက်များကို ပြန်ကြည့်နေလိုက်သည်။
မကြာမီအချိန်မှာပင် ဒေါ်နွေခက်တို့ နိုးလာခဲ့ကြသည်။ အဒေါ်လဲ မြို့ထဲမှပြန်ရောက်လာသဖြင့် သွေးမြတ်တို့ အဒေါ်၏ အလုပ်များကို ကူလုပ်ပေးလိုက်သည်။
YOU ARE READING
Opposite Direction (Ongoing)
Romanceတရားခွင်တိုင်းကို အနိုင်ရခဲ့ပေမယ့် နွယ်ရဲ့ နှလုံးသား တရားခွင်မှာတော့ သွေးမြတ်ချယ်တို့ရှုံးခဲ့ရပြီ.... သွေးမြတ်ချယ်ရီနိုင် မင်းမရှုံးခဲ့ပါဘူး မြတ်ရယ်... နွေခက်နွယ်ဆိုတဲ့ အမျိုးသမီးရဲ့ နှလုံးသားပိုင်ရှင်က သွေးမြတ်ချယ်ရီနိုင်ဆိုတာ အမှန...