ဒီနေ့ဟာ ရဲသွေးမာန်အတွက် နောက်တစ်ခေါက်စစ်ဆေးမှု ပြုလုပ်မည့် ရုံးချိန်းဆိုလျှင်လဲ မမှားပေ။ ဒုတိယအကြိမ်ရုံးချိန်းတွင် ရဲသွေးမာန်ကို ဦးစားစစ်ဆေးမှုမှ ဖယ်ရှားနိုင်ရန်အတွက် သွေးမြတ်လုပ်ပေးတော့မည်ဖြစ်သည်။
သွေးမြတ် ရဲသွေးမာန်၏ လှုပ်ရှားမှုမှတ်တမ်းများကို ရယူထားကာ ဒီနေ့တွင်တော့ ငြင်းပယ်နိုင်မည့် အကြောင်းအရာများကို တင်ပြမည်ဖြစ်သည်။
"အမြတ်"
တရားရုံးတွင် တင်ပြမည့် စာရွက်စာတမ်းများအား ပြန်လည်စစ်ဆေးနေစဉ် ရင်းနှီးနေသည့် ခေါ်သံကြောင့် မော့ကြည့်လိုက်ချိန်တွင် ဒေါ်နွေခက်နွယ်အားတွေ့လိုက်ရ၍ သွေးမြတ်အနည်းငယ်တော့ အံ့ဩမိသည်။
နွေခက် သွေးမြတ်ချယ်နှင့် စကားပြောရန်အတွက် တရားရုံးသို့မသွားမှီ သွေးမြတ်၏ ရုံးသို့ လာခဲ့လိုက်သည်။
"ဟင် ဒေါ်နွေခက်နွယ် ထူးထူးဆန်းဆန်း ကျွန်မရုံးခန်းဆီလာလို့ပါလား ဘာကိစ္စရှိလို့လဲ"
"တစ်ခြားအကြောင်းတော့မဟုတ်ပါဘူး ကျွန်မအနေနဲ့ အမြတ် မဟုတ်ဘူး ရှေ့နေသွေးမြတ်ချယ်ကို အကူအညီတောင်းချင်တာမလို့ပါ"
အလေးအနက်ပြောနေသည့် ဒေါ်နွေခက်နွယ်ကြောင့် သွေးမြတ်ချယ် လုပ်လက်စအလုပ်များကို ရပ်ထားလိုက်ကာ ဒေါ်နွေခက်နွယ်အား ကြည့်လိုက်သည်။
"တကယ်အကူအညီတောင်းချင်တာ အမြတ်"
"ဟုတ်ပါပြီ အခုကျွန်မက ဘာပြောနေလို့လဲ ဘာအကူအညီတောင်းမှာမလို့လဲ ပြောလေ"
"ရဲသွေးမာန်ကို စစ်ဆေးခွင့်မရှိတော့ဘူးဆိုရင် သွေးမြတ်လက်ခံထားတဲ့ အမှုရှိပြီလား သိချင်လို့၊ မရှိသေးဘူးဆိုရင် မာယာ့အမှုကို ကူညီပေးပါလား"
"ဒါက မဖြစ်နိုင်ဘူး ကျွန်မအနေနဲ့ မာယာသွင်ရှေ့နေအဖြစ် မရပ်တည်ပေးနိုင်ဘူး"
"အရှင်းဆုံးပြောရရင် တရားလိုရှေ့နေတစ်ယောက်အဖြစ်မရပ်တည်ပေးနိုင်ဘူး ဒေါ်နွေခက်နွယ် ဒါပေမဲ့"
"မဟုတ်သေးဘူးလေ တရားလို တရားခံဆိုတာထက် အားနည်းတဲ့အမျိုးသမီးဘက်က ရပ်တည်ပေးဖို့ ကျွန်မကတောင်းဆိုနေတာပါ"
YOU ARE READING
Opposite Direction (Ongoing)
Romantizmတရားခွင်တိုင်းကို အနိုင်ရခဲ့ပေမယ့် နွယ်ရဲ့ နှလုံးသား တရားခွင်မှာတော့ သွေးမြတ်ချယ်တို့ရှုံးခဲ့ရပြီ.... သွေးမြတ်ချယ်ရီနိုင် မင်းမရှုံးခဲ့ပါဘူး မြတ်ရယ်... နွေခက်နွယ်ဆိုတဲ့ အမျိုးသမီးရဲ့ နှလုံးသားပိုင်ရှင်က သွေးမြတ်ချယ်ရီနိုင်ဆိုတာ အမှန...