Part(22) Uni+Zaw

311 40 2
                                    

သွေးမြတ် အချိန်တော်ကြာသည်အထိမြည်နေသည့် ဖုန်းသံကြောင့် အိပ်ယာမှ နိုးလာခဲ့သည်။ အချိန်ကို ကြည့်လိုက်ချိန်တွင် နေ့လည် ၁နာရီထိုးတော့မည်ဖြစ်သည်။

"ဟဲလို စုစု "

"ဆော်ရီးအစ်မ စုစု အရေးကြီးနေတာနဲ့ဖုန်းဆက်လိုက်တာ"

"အင်းအင်း ရတယ် ဘာဖြစ်လို့လဲ စုစု"

"အစ်မဘယ်အချိန်လောက်ပြန်လာဖြစ်မလဲသိချင်လို့အစ်မ၊ အမှုတစ်ခုက အစ်မနဲ့ အပ်ချင်တယ်ပြောနေလို့"

"အစ်မ အမှုလက်မခံသေးဘူး စုစု၊ ပြန်လာတာတော့ နောက်လေးရက်လောက်ဆို ပြန်လာတော့မှာပါ။ အမှုကိုတော့ ငြင်းလိုက်တော့နော်"

"ဟုတ် အစ်မ စုလဲ ငြင်းတယ်အစ်မ၊ သူကလဲ အစ်မနဲ့မှ အဆင်ပြေမယ်ဆိုလို့ပါ အရင်က အစ်မကိုင်ခဲ့ဖူးတဲ့ အမှုနဲ့ ဖြစ်စဉ်အတူတူပါဘဲ အစ်မ၊ စုစုက အစ်မခရီးသွားနေတယ်ပြောတော့ သူစောင့်ပါမယ်တဲ့၊ သူက အစ်မနဲ့တိုက်ရိုက်စကားပြောချင်နေတယ်"

"အင်း ဒါဆိုလဲ စောင့်ခိုင်းလိုက်ပေါ့၊လက်ခံမယ်ဆိုတာ မသေချာဘူးလို့တော့ ပြောထားလိုက်ပေါ့ ဟုတ်ပြီလား"

"ဟုတ်ကဲ့အစ်မ"

"ဒါဘဲမလား စုစု၊ ဒါဘဲဆို အစ်မဖုန်းချလိုက်တော့မယ်"

"ခဏအစ်မ စုစုအစ်မပြောထားတဲ့အတိုင်းတော့ လုပ်ပေးထားတယ် အစ်မ၊ စုစုတို့ လက်ထောက်ရှေ့နေတွေစုံတဲ့နေရာမျိုးမှာ ပြောပေးထားတယ်၊"

"အင်းအင်း အဆင်ပြေတာပေါ့ ဒါနဲ့ ရဲသွေးမာန်လာသေးလား"

"ဟုတ်အစ်မ ရဲသွေးမာန် ပစ္စည်းတစ်ခုလာပေးသွားတယ်အစ်မ"

"အင်း အဲ့ဒါကို ဆေးစစ်ပေးအုန်း စုစု၊ သူ့မှာပါဝင်တဲ့ အရာနဲ့၊ သူ့ရဲ့အာနိသင်အားလုံးကို သိချင်တယ် အဆင်ပြေမလား"

"ဟုတ်ကဲ့ အစ်မ"

"အင်း ဒါဘဲနော် အစ်မထွက်လာမယ့်အချိန်မှာ ဖုန်းပြန်ဆက်လိုက်မယ်"

"ဟုတ်ကဲ့ အစ်မ"

"သွေးမြတ်"

"အမယ်လေး ဒေါ်နွေခက်"

စုစုနဲ့ ဖုန်းချပြီး အနောက်သို့လှည့်လိုက်ချိန်တွင် ကြားလိုက်ရသည့် ဒေါ်နွေခက်၏ အသံကြောင့် သွေးမြတ်လန့်သွားသည်။

Opposite Direction (Ongoing)Where stories live. Discover now