Part(10) Uni+Zaw

372 34 2
                                    

"ရဲသွေးမာန်ကို တရားရုံးက လွတ်မြောက်ခွင့်ပေးလိုက်တယ်အပေါ် ဘယ်လိုမြင်ပါလဲ ရှေ့နေသွေးမြတ်ချယ်"

သွေးမြတ်တို့၏ အမှုဟာ ပြီးဆုံးသွားကာ ရဲသွေးမာန်ဟာ ပြစ်မှုမရှိကြောင်းထင်ရှားနေခဲ့သဖြင့် တရားရုံးမှ ရဲသွေးမာန်အားစစ်ဆေးမှုကို ရပ်နားလိုက်တော့သည်။ ရဲသွေးမာန်ဟု တိကျသည့် သက်သေမရှိသော်လည်း မာယာသွင်၏ အမှုအတွက် တရားခံကပေါ်ထွက်လာခြင်းမရှိသည့်အတွက် တရားရုံးမှ ရဲသွေးမာန်အားစောင့်ကြည့်နေမည်ဖြစ်သည်။ 

ထိုအချိန်အတွင်း ရဲသွေးမာန်ဟာ နိုင်ငံရပ်ခြားခရီးထွက်ခွင့်မရှိပေ။ ညအိပ်ခရီးထွက်မည်ဆိုလျှင် ကြချိန်အတိအကျပြောကာ တရားရုံးသို့ အကြောင်းကြားရမည်ဖြစ်သည်။ 

"သူမဟုတ်လို့ လွတ်သွားတာပေါ့ တရားရုံးက တရားခံမဟုတ်တဲ့သူတွေကို ဖမ်းဆီးထားခွင့်မရှိတာမလို့ လွတ်တာပါ"

"ဟုတ်ကဲ့ ဒါဆို အခုထွက်ပေါ်နေတဲ့သတင်းအပေါ်ကော ဒေါ်သွေးမြတ်ချယ် အနေနဲ့ ဘာများပြောချင်လဲ မသိဘူး"

"အခုဘာသတင်းထွက်နေတယ်ဆိုတာကို ကျွန်မကိုယ်တိုင်လဲ မသိဘူး၊အကယ်၍ သိနေခဲ့ရင်တောင် ကျွန်မက စိတ်ဝင်စားနေမှာ မဟုတ်ဘူး ကျွန်မအတွက်က ကျွန်မလုပ်ရမယ့် အလုပ်ကို လုပ်နေရင် အဆင်ပြေပြီ"

"ဒါဆို ဒေါ်သွေးမြတ်ချယ်က တရားလိုရှေ့နေ ဒေါ်နွေခက်နွယ်နဲ့ တရားလို မာယာသွင်တို့ကို ခြိန်းခြောက်အမှုပိတ်ခိုင်းပါတယ်ဆိုတာကိုကော ဘာများပြောချင်ပါလဲ"

"ကျွန်မကို မမေးခင်မှာ ရှင်လို့ဘယ်လိုထင်လဲ ရှင်တို့ထင်တဲ့အတိုင်း ထင်လိုက်ပါ ကျွန်မက ဒီလိုမဟုတ်ပါဘူး ဒါပါလို့ပြောလဲ ရှင်တို့ဆိုတာ ဖြစ်တဲ့ကာယကံရှင်တွေထပ် ပိုနားလည်၊ ပိုခံစားနတဲ့သူတွေဆိုတော့ ရှင်တို့စိတ်ထဲမှာ ကျွန်မကအဲ့လိုလူလို့ ထင်ရင် အဲ့လိုလူပါ ၊ မဟုတ်ဘူးလို့ ထင်ရင်တော့ မဟုတ်ဘူးပေါ့"

"တစ်ခြားတစ်ယောက်ကို ငါက ဘယ်လိုလူမျိုးပါဆိုပြီး ရှင်းပြပေးနေမှာ မဟုတ်ဘူး"

သွေးမြတ်ချယ် ပြောပြီးသည်နှင့် ထွက်လာခဲ့လိုက်သည်။

"သူတကယ်လုပ်ခဲ့လို့ပေါ့ ငြင်းမသွားတာ ဘယ်သူက ကိုယ်မလုပ်တဲ့အခါတစ်ခုကို အထင်လွဲခံနေမှာလဲ"

Opposite Direction (Ongoing)Where stories live. Discover now