Part(26)Uni+Zaw

180 40 4
                                    

သွေးမြတ်တို့ နောက်တစ်နေ့တွင် ရန်ကုန်သို့ ပြန်လာခဲ့သည်။ ရုတ်တရပ်ပြန်လာခဲ့ရသည်ဖြစ်၍ အဒေါ်တို့ကိုပ်င သေချာမနှုတ်ဆက်ခဲ့ရပေ။

ထိုနေရာမှ ပြန်ရောက်ပြီးတစ်ပတ်ကြာသည်အထိ သွေးမြတ် ဒေါ်နွေခက်အား အဆက်အသွယ်မရပေ။ သွေးမြတ်ဖုန်းဆက်သမျှကိုလဲ ဒေါ်နွေခက်ဘက်မှ မကိုင်ခဲ့ပေ။ အရာအားလုံးအား ရုတ်တရပ်သိလိုက်ရကာ ထိုအရာများက သွေးမြတ်က သိနေခဲ့သူဖြစ်၍ ဒေါ်နွေခက် စိတ်မကောင်းဖြစ်နေသည်ကို သွေးမြတ်နားလည်ပါသည်။ 

ဒေါ်နွေခက်တွင် စဉ်းစားရန်အချိန်လိုအပ်မည်ဟု သွေးမြတ်နားလည်သဖြင့် အတင်းအကြပ်ဆက်သွယ်မှုမျိုးကိုတော့ သွေးမြတ်မလုပ်ပေ။

"အစ်မ အပေါ်ထပ်က ရုံးကို သွားရပါတော့မယ်"

"ဟင်..အင်း"

စုစု၏ စကားသံကြောင့် သွေးမြတ် အတွေးတို့အား ရုတ်သိမ်းကာ အပေါ်ထပ်တွင် ရှိနေသည့် ဒေါ်နွေခက်နွယ်၏ ရုံးခန်းသို့ တက်လာခဲ့လိုက်သည်။

သွေးမြတ်၏ လက်ရှိအမှုသည် အိမ်ထောင်ရေးဖောက်ပြန်သည့် အမှုဖြစ်သည်။ သွေးမြတ်၏ အမှုသည်မှာ ဒုတိယဇနီး အရှင်းဆုံးပြောရလျှင် မယားငယ်တစ်ယောက်ဟု ဆိုရမည်ဖြစ်သည်။

တစ်ဖက်ရှေ့နေက ယဉ်လေးမောင်ဖြစ်ကာ သွေးမြတ်လုံးဝမတွေ့ချင်သည့် လူဆိုလျှင်လဲ မမှားပေ။ လက်မခံရန် စဉ်းစားထားသော်လည်း ထိုမိန်းကလေးမှာ ကိုယ့်အားအတော်ပင် အားကိုးကာ စ‌ောင့်နေသူဖြစ်၍ သွေးမြတ် တစ်ခြားသူတစ်ယောက်ကြောင့် ကိုယ့်အား စောင့်မျှော်နေသူအားမငြင်းချင်တော့သဖြင့် လက်ခံလိုက်ခြင်းဖြစ်သည်။

အမှုက အရမ်းကြီးမားခြင်းမျိုးမဟုတ်ဘဲ တစ်ဖက်က တမင်ပုံကြီးချဲ့နေသဖြင့် တရားရုံးရောက်သည်အထိ ဖြစ်ရခြင်းဖြစ်သည်။ သွေးမြတ်၏ အမှုသည်က ပုံမှန်ထပ်ပိုအေးသည်ဖြစ်၍ တစ်ဖက်မှ လူမှ တစ်ဖက်စောင်းကာ ပြောနေခဲ့သည်ကို ခံထားခဲ့ရသည်။ သို့သော် ယနေ့တွင် တရားရုံး ရုံးချိန်းမဝင်ခင် ကျေအေးနိုင်ရေးအတွက် ဆွေးနွေးကြရန် ယဉ်လေးမောင်၏ ရုံးခန်းဖြစ်သည့် ဒေါ်နွေခက်၏ ရုံးသို့ သွေးမြတ်တို့ ထွက်လာခဲ့သည်။‌

You've reached the end of published parts.

⏰ Last updated: 21 hours ago ⏰

Add this story to your Library to get notified about new parts!

Opposite Direction (Ongoing)Where stories live. Discover now