သွေးမြတ်တို့ မာယာတို့ အိမ်ရောက်သည့်အခါတွင် မြင်လိုက်ရသည့်အရာက စိတ်ပြတ်စရာကောင်းလှသည်။ မာယာ၏ အိမ်သော့တံခါးအားပိတ်ထားသော်လည်း မာယာ၏ အခန်းအတွင်းတွင် အဝတ်အစားများနှင့် အခြားအရာများက တစ်ယောက်ယောက်မှ လာရောက်ဖွထားဟန်တူသည်။
ပုံစံကို ကြည့်ရသည်မှာ တစ်ခုခုအားရှာဖွေထားဟန်တူသည်။အတော်ပင်ရှုပ်ပွနေသည်ဖြစ်၍ သွေးမြတ်တို့ ခြေချရန်ပင်အဆင်မပြေပေ။
"မာယာသော့က မာယာတစ်ယောက်ဘဲ ကိုင်ထားတာလား"
"ဟုတ်တယ် အန်တီသွေး မာယာဒီရက်ပိုင်း အိမ်မပြန်ဖြစ်ဘဲ တည်းခိုခန်းမှာ တည်းနေခဲ့တာ ဒီနေ့တောင် ဒေါ်ဒေါ်က စစ်ဆေးချင်တာလေးရှိတယ်ဆိုလို့ မာယာတို့ လာခဲ့ကြတာ"
"အခုတော့ ဒါတွေကို ဒီအတိုင်းထားတာကောင်းလိမ့်မယ် နောက်ရက်မှ ပြန်လာကြည့်ကြတာပေါ့"
"ဟုတ်ကဲ့ ဒေါ်ဒေါ်ကော ဘာလေးသိချင်လို့လဲဟင်"
"ရပြီ ရပြီ အခုတော့ အရင်ပြန်ကြတာပေါ့ ဒေါ်ဒေါ်တို့ မာယာနေတဲ့ တည်းခိုခန်းကို အရင်ပို့ပေးမယ် ဘယ်မှာလဲဆိုတာပြောပေးနော်"
"ဟုတ်ဟုတ် ဒေါ်ဒေါ်"
လာသည့်အချိန်က စကားသံပြည့်နေသည့် ကားလေးသည် အခုတော့ အတွေးကိုယ်စီဖြင့် တိတ်ဆိတ်နေကြသည်။ ပုံမှန်အမှုတစ်ခုထပ်ပိုလာသည့် မာယာသွင်အမှုနောက်ကွယ်က လူအား သွေးမြတ်ချယ် စိတ်ဝင်စားနေမိသည်။
အိမ်မှာ တစ်ခုခုရှာနေခဲ့သည်ဆိုသည့် လက်ရာများ ရှိနေခြင်းက သူနှင့်ပတ်သတ်သည့် အရာတစ်ခု ဤအိမ်တွင် ရှိနေခဲ့ခြင်းဖြစ်နေလိမ့်မည်ဟု သွေးမြတ်ချယ်ထင်မိသည်။
ပြစ်မှုကျူးလွန်သူက ဉပဒေနှင့် နီးစပ်သူတစ်ဦး၊ ဉပဒေအကြောင်းကို နားလည်သူဖြစ်နေပါက သွေးမြတ်ချယ်တို့ ယခုထက်ပို၍ သတိကြီးကြီးထားရန်လိုအပ်နေပြီဖြစ်သည်။
"မာယာသွင် ငါက မင်းအနေနဲ့ဆိုရင် မင်းယုံကြည်အားကိုးရမယ့် သူမျိုးမဟုတ်ဘူး ဒါပေမဲ့ ငါမင်းကိုပြောချင်တာက မဆိုင်တဲ့သူကို အချိန်အကြာကြီး ဆွဲမထည့်ထားနဲ့ မင်းအခုလိုလုပ်တာဟာ တကယ့်တရားခံအစစ်ကို လွတ်မြောက်အောင် ပိုကူညီပေးနေသလိုဘဲ"
YOU ARE READING
Opposite Direction (Ongoing)
Romanceတရားခွင်တိုင်းကို အနိုင်ရခဲ့ပေမယ့် နွယ်ရဲ့ နှလုံးသား တရားခွင်မှာတော့ သွေးမြတ်ချယ်တို့ရှုံးခဲ့ရပြီ.... သွေးမြတ်ချယ်ရီနိုင် မင်းမရှုံးခဲ့ပါဘူး မြတ်ရယ်... နွေခက်နွယ်ဆိုတဲ့ အမျိုးသမီးရဲ့ နှလုံးသားပိုင်ရှင်က သွေးမြတ်ချယ်ရီနိုင်ဆိုတာ အမှန...