အပိုင်း 3

403 46 28
                                    

သူရအောင်တစ်ယောက် ဖေဖေနဲ့စကားပြောနေတဲ့ မိမိုက်နေတဲ့ကိုကြီးကို မျက်တောင်မခတ်ဘဲ ငေးကာကြည့်နေမိသည်။
အချိန်ခဏလေးနဲ့ သူ့အား ရင်ခုန်အောင် ပြုစားလွန်းတဲ့ ကိုကြီး။
အရပ်အမောင်း၊ ခန္ဓာကိုယ်၊ရုပ်ရည် ဟာ သူ့အကြိုက်ပုံစံပင်။

"သူရအောင်...ဖေဖေသားကို အပ်ခဲ့ပြီနော်"

ဖခင်ဖြစ်သူက ပြောနေပေမယ့် သူရအောင်မကြား။
သူ့စိတ်အာရုံက ဒွေးသစ္စာဆီမှလွဲ ကျန်‌တဲ့နေရာမှာမရှိ။

"သူရအောင်...ဟိတ်! သူရအောင်"

"အမလေး...လန့်လိုက်တာဖေဖေရာ"

"ကျစ်! ငါလုပ်လိုက်ရ...ဒီကအဖေပြောနေတာရောကြားလား"

"ဟင့်အင်း...ဘာပြောလိုက်တာလဲ"

"မင်းကို ဒွေးသစ္စာဆီမှာ အပ်ခဲ့ပြီလို့"

"ဟုတ်...ဒါနဲ့ ကိုကြီးက လူပျိုကြီးလားဟင်"

"အင်း ဟုတ်တယ်"

ကိုကြီးက သူ့အား အလိုမကျနေတဲ့ပုံစံလေးနဲ့ စိုက်ကာကြည့်နေ၏။
ကိုကြီး သူ့ကို အမြင်စောင်းသွားမှာ သူရအောင်စိုးသည်။
ကိုကြီးရဲ့ ကိုယ်ရေးကိုယ်တာတွေ စွက်ဖက်တဲ့ မေးခွန်းလေး မေးမိလိုက်တဲ့ သူ့ပါးစပ်သူ အသာလေး အုပ်လိုက်မိသည်။

"သူရအောင်...လိမ်လိမ်မာ‌မာနေနော်"

"ဟုတ်ကဲ့ဖေဖေ...သားကို စိတ်ချလက်ချအပ်သွားနော်..သား ကိုကြီးစကားကို နားနဲ့ရော နှလုံးသားနဲ့ရော နားထောင်ပါ့မယ်"

ဒွေးသစ္စာ သူ့ရှေ့မှာ ထိုင်နေတဲ့ကောင်လေးပုံစံကို ကြည့်ပြီး စိတ်ထဲအလိုမကျ။
ဒီကောင်လေးရဲ့ ပြောင်ချော်ချော်ပုံစံဟာ သူ့မျက်လုံးထဲ အချိုးမပြေ။

"ကိုယ့်ကို ဆရာလို့ခေါ်လို့ရတယ်နော်...ဒီက ကလေးတွေအားလုံးက ဆရာလို့ ခေါ်ကြတယ်"

"ဆရာ...ဆရာလို့ မခေါ်ချင်ပါဘူး...ကိုကြီးလို့ပဲ ကျနော်က ခေါ်ချင်တာ"

"သူရအောင်! ကျန်တဲ့ကလေးတွေအားလုံးက ဆရာလို့ခေါ်ရင် မင်းလည်း ဆရာလို့ခေါ်...မင်းတစ်ယောက်တည်း ကိုကြီး‌လို့ခေါ်တာ ကောင်းလား"

What do you want to be?(Completed)Waar verhalen tot leven komen. Ontdek het nu