အပိုင်း 11

343 42 18
                                    

မေးလေးထောက်ကာငေးမောကြည့်နေတဲ့ကောင်ကလေးက အနားမှာ ကြောက်ပေါက်လေးတစ်ကောင်လိုထိုင်နေသည်။

မျက်ဝန်းလေးတွေက ငိုထားလို့ထင်သည်..နီကာရဲနေသည်။

ဒွေးသစ္စာ သူရအောင်နဲ့ ‌ တွေ့ဆုံခဲ့တာ ဒီနေ့နဲ့ဆို လေးရက်မြောက်နေ့ဖြစ်သည်။

ဒွေးသစ္စာ သူ့အားစိုက်ကြည့်နေတဲ့ကောင်လေးကို ပြုံးပြလိုက်တော့ ကောင်လေးက သူ့အား...

"ဆရာ...ဆရာက ပြုံးလိုက်ရင် ပိုပြီးချစ်ဖို့ကောင်းတယ်..ဆရာ့အပြုံးတွေကိုလေ ကျနော်တစ်ယောက်တည်းပဲပိုင်ဆိုင်ချင်တယ်"

"သူရအောင်...မင်း ကိုယ့်ကိုထိုင်ပြီးငေးကြည့်နေတာ ဘယ်တော့မှ ရပ်မာလဲ"

"ကျနော် မရပ်နိုင်တော့ဘူးဆရာ..
ဆရာ့အနားရှိနေရင် ကျနော် ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်ဘူး...ဆရာက ကျနော့်ကို သိပ်ကို ဖမ်းစားလွန်းတယ်"

"မင်းနှလုံးသားကို မင်းဆန်းစစ်ပြီးရဲ့လား သူရအောင်"

မိဘတွေက မန္တလေးကို ပန်းထိမ်ပညာသင်ဖို့လွှတ်လိုက်တယ်ဆိုပေမယ့် သူရအောင် ပန်းထိမ်မသင်ဘဲ ပန်းထိမ်ဆရာလူပျိုကြီးနဲ့ပဲ ချစ်သူတွေဖြစ်ချင်မိတော့သည်။
ပန်းထိမ်ဆရာလူပျိုကြီးနဲ့နီးစပ်စေတဲ့ မိဘတွေကို ရင်ထဲ‌ကနေ နှစ်နှစ်ကာကာ လှိုက်လှိုက်လှဲလှဲနဲ့ကျေးဇူးတင်ရင်း ကိုကြီးကို ပြုံးပြီးကြည့်နေမိတော့သည်။

"သူရအောင်...လက်က နာနေလား"

"လက်ရော တင်ပါးရော နှလုံးသားလေးရောနာတယ်ဆရာ...
လက်နဲ့တင်ပါးနဲ့က ဆေးလိမ်းလို့ရပေမယ့် နှလုံးသားလေးကကြ ဆရာ့ရဲ့ အချစ်ဆေးတွေ လိမ်းမှရမာ ဆရာရဲ့"

"သူရအောင်...ပြောင်ချော်ချော်နဲ့ ...ဟွန်း!"

မျက်မှောင်ကျုံ့ပြီး ကြိမ်းမောင်းလိုက်တဲ့ကိုကြီးရဲ့ အသံလေးက သူရအောင်ရင်ကို အဆက်မပြတ်ကို ခုန်စေသည်။

"အကို!"

ထိုစဉ်အနားကို ရောက်လာတဲ့ကျော်ကြီး။
ကျော်ကြီးမျက်နှာလေးက ရွှင်လန်းနေသည်။
သေချာပြီ...ကိုနေမျိုးနဲ့ကျော်ကြီး အဆင်ပြေလာလောက်လေပြီ။

What do you want to be?(Completed)Waar verhalen tot leven komen. Ontdek het nu