အပိုင်း 25

210 28 7
                                    

"Morning ကလေး...ကလေးအကြိုက် ဂျုံကြော်နဲ့ ကော်ဖီပြင်ထားပေးတယ်"

မွ

ကိုကြီးရဲ့ ပခုံးကို အနောက်ကနေ သိုင်းဖက်ကာ ကိုကြီးပါးပြင်လေးကို နမ်းရှိုက်လိုက်သည်။
ကိုကြီးရဲ့ ကိုယ်သင်းရနံ့လေးက သူရအောင်အတွက်တော့ စွဲမက်ဖွယ်ရာပင်။

မနက်ခင်းတိုင်းမှာ ရတဲ့ ဒီရနံ့လေးက တစ်နေ့တာလုံးအတွက် အားအင်ပင်ဖြစ်စေသည်။

"ကိုကြီး...ကျ‌နော် မနေ့ကအပြုအမူအတွက် တောင်းပန်ပါတယ်နော်..."

"အင်းကလေး...ကလေးစိတ်ထဲ သံသယတွေမရှိတော့ဘူးမလား"

"ဟုတ် မရှိတော့ပါဘူး ကိုကြီး"

"အင်း...အဲ့တာဆို အဆင်ပြေပြီ"

ကိုကြီးဟာ ပြုံးပြီး သူ့ခေါင်းလေးကို ပုတ်ကာ ပြောလေသည်။

ရုတ်တရက် ဖုန်းမှာ ဝင်လာသော မက်ဆေ့။

"အကိုသူရ...အဆင်ပြေတယ်မလား...ဆရာ့ဆီက
အရိုက်တော့မခံရဘူးမလား"

မက်ဆေ့ဖတ်ကြည့်ပြီးနောက် ကိုကြီးကို သူရအောင်ကြည့်လိုက်တော့ ကိုကြီးဟာ သူ့ကို စိုက်ကြည့်နေသည်။

"ကျော်ကြီးဆီကပါ‌ကိုကြီး...ကိုကြီးဆီကနေ အရိုက်မခံရဘူးမလားတဲ့...ဟီး.."

ကောင်လေးဟာ သူပင်မမေးဘဲ သူ့အား ပြောပြလေသည်။
ဒွေးသစ္စာ ပြုံးလိုက်မိသည်။
သူမမေးဘဲ ပွင့်လင်းစွာ ပြောတတ်တဲ့ကောင်လေးရဲ့အခုလိုအပြုအမူလေးကို ဒွေးသစ္စာ ချစ်မြတ်နိုးရသည်။

"ကဲ...ကလေး...ကိုကြီး ပန်းထိမ်သွားတော့မယ်..."

"ကိုကြီး...ပန်းထိမ်သွားပြီးရင် ကလေးတွေဆီသွားမာမလား"

"အင်းဟုတ်တယ်လေ ကလေး"

သူရအောင် ကိုကြီးပညာဒါနအနေနဲ့ဖွင့်ထားတဲ့ ကျောင်းကလေးဆီ မရောက်တာကြာလေပြီ။
ဒီနေ့ သူလည်း ရွှေဆိုင်ကို ခဏသွားပြီး ထိုကျောင်းကလေးဆီကို သွားမည်။
ကလေးတွေနဲ့မတွေ့တာလည်း ကြာနေပြီမို့ လွမ်းလှသည်။

"ကိုကြီး....ကျ‌နော်လည်း ရွှေဆိုင်ခဏသွားပြီး ကလေးတွေဆီလာခဲ့မယ်လေ..."

What do you want to be?(Completed)Waar verhalen tot leven komen. Ontdek het nu