အပိုင်း 7

353 43 47
                                    

ဒွေးသစ္စာ ကောင်လေးကို သဲမင်းအောင်ရဲ့နောက်မှာ ပညာသင်ဖို့ ပြောတော့ ကောင်လေးက သဲမင်းအောင်ရဲ့နောက်မှာ မနေချင်ဘူးဟု သူ့အားပြောသည်။
နေမျိုးအောင်ရဲ့နောက်မှာသာ နေချင်သည်တဲ့။
နေမျိုးရဲ့နောက်မှာ ကလေး လေးယောက်ရှိနှင့်ပြီးသားမို့ ကလေးသုံးယောက်ပဲရှိသေးတဲ့ သဲမင်းအောင်ဆီမှာ ကောင်လေးကို နေခိုင်းခြင်းဖြစ်သည်။
ဒါကို ကောင်လေးက အတွန့်တက်နေတော့သည်။

"သူရအောင်...ဘယ်သူ့နောက်မှာနေနေ ကိုယ်ကြိုးစားရင်ကိုယ်ရမာ...အကုန်လုံးက ဆရာ့တပည့်တွေလေ...သူတို့အရည်အချင်းတွေ သူတို့စိတ်ဓာတ်တွေ ဆရာသိတယ်"

"ကျနော်က ကျော်ကြီးနဲ့အတူတူ နေချင်လို့ပါ ဆရာ"

"နှစ်ယောက်ပေါင်းပြီး မွှေမလို့မလား...ကျော်ကြီးအကြောင်းဆရာသိတယ်...မွှေတဲ့နေရာ၊ သူများကို စနောက်တတ်တဲ့နေရာမှာ ဆရာကြီး...
စောနာက ကျော်ကြီးအောက်ထပ်ဆင်းမသွားခင် မင်းတို့ နှစ်ယောက်ပြောနေတာ ဆရာကြားလိုက်တယ်...
တမင်ခိုးနားထောင်တာမဟုတ်ဘဲ ဒီတိုင်းကြားတာနော်...နှစ်ယောက်ပေါင်းပြီး တခြားသူတွေကို လိုက်နောက်ကြမယ်တဲ့"

သူရအောင် ကိုကြီးကို နှုတ်ခမ်းလေးစူကာ ကြည့်လိုက်သည်။
ကိုကြီးကလည်း သူ့အား ခပ်တည်တည်နဲ့သာ‌စိုက်ကြည့်နေသည်။

"ဆရာ..."

"အင်း"

"ထားလိုက်ပါတော့ ...ဘာမှမဟုတ်တော့ဘူး"

ထားလိုက်တော့ဆိုတဲ့ စကားရဲ့နောက်မှာ အကြောင်းတရားတွေများစွာရှိနေတာကို သိတာမို့ ဒွေးသစ္စာ ကောင်လေးကို မေးဖို့ ဆုံးဖြတ်လိုက်သည်။

"ဘာပြောချင်လို့လဲ...ပြောလေ"

"ဟင့်အင်း...ကျနော် အလုပ်ခန်းထဲသွားတော့မယ်"

ထွက်သွားသော ကျောပြင်လေးကို ဒွေးသစ္စာ ငေးပြီးကြည့်နေမိသည်။
ဒီကောင်လေးကို မြင်မြင်ချင်း သူစိတ်ဝင်စားမိသည်။
စိတ်ဝင်စားစရာလည်း ဒီကောင်လေးဟာ အလွန်ကောင်းသည်။
နောက်ပြီးတော့ ဒီကောင်လေးအနားရှိနေရရင် သူ့ရင်တွေ အဆင်မပြတ်ခုန်နေမိသည်။

What do you want to be?(Completed)Waar verhalen tot leven komen. Ontdek het nu