အပိုင်း 13

282 37 16
                                    


ဒွေးသစ္စာ ကောင်လေးကို ဖေဖေတို့လေးလေးတို့ ဒေါ်လေးတို့နဲ့မိတ်ဆက်ပေးလေသည်။
အားလုံးက ကန့်ကွက်ခြင်းတစ်စုံတစ်ရာမရှိ။
သူရအောင်ကိုတောင် ချီးကျူးနေကြသည်။
၃၅နှစ်အရွယ် လူပျိုကြီးရဲ့ အချစ်ကို ရအောင်သိမ်းသွားနိုင်လို့တဲ့။


ချစ်ခြင်းတရားဆိုဟာ သိပ်ဆန်းကြယ်တဲ့အရာမလား။
ဖူးစာဆိုတာလည်း ဆန်းကြယ်တဲ့အရာ။
ဘာပဲဖြစ်ဖြစ် ဒွေးသစ္စာ သူရအောင်ဆိုတဲ့ကောင်လေးကို ချစ်သည်။
နှလုံးသားနှင့်နှစ်နှစ်ကာကာကိုချစ်သည်။


ဒွေးသစ္စာ သူ့မိဘတွေနဲ့မိတ်ဆက်ပေးပြီးနောက် ကောင်လေးမိဘတွေဆီ တစ်ခါတည်း သွားလိုက်သည်။
လူကြီးတွေစားဖို့ မုန့်ဝယ်နေရင်း ကောင်လေးက သူ့ငယ်သူငယ်ချင်းချစ်ထွေး အတွက်ပါ ဝယ်ရမည်ဟုပြောကာ ဘီယာဗူးကို ကောက်ကိုင်လေတော့သည်။
မုန့်ဝယ်ဟုပြောတာကို ချစ်ထွေးနဲ့သူနဲ့ကြိုက်တာ မုန့်မဟုတ်ဘူးတဲ့..ဘီယာဟုပြောသည်။



အရင်နေ့က ကောင်လေးမူးတဲ့ပုံစံမြင်ပြီးကတည်းက ဒွေးသစ္စာ ကောင်လေးကို ဘီယာနောက်ထပ် မသောက်စေချင်။
လူငယ်သဘာဝမို့ တစ်ခါတစ်လေသောက်တာကို နားလည်ပေးနိုင်ပေမယ့် ကောင်လေးက ဦးလေးချစ်လှိုင်ပြောသလို လူလိုသူလိုသောက်တာမဟုတ်။


"ဆရာ...ဘီယာ‌လို့ ဘီယာ"

"နိုးပါ သူရအောင်"

"ကိုကြီး...ကိုကြီးလို့ ...ကလေး ဘီယာဓာတ်ချို့တဲ့နေတယ်လို့"


"ချို့တဲ့ချင်ဦး"


"အား အား နာတယ်"



နားရွက်ဆွဲလိမ်ပေးလိုက်မှ ကောင်လေးက အတွန့်တက်တာကို ရပ်တော့သည်။
ဆိုင်ထဲက ဈေးဝယ်သူတွေဆီက ပြုံးရိပ်သန်းနေသော အကြည့်တွေကိုလည်း ဒွေးသစ္စာတို့ ခဏခဏခံနေရသည်။


"ဘာမုန့်စားချင်လဲ ပြော...မုန့်ပဲနော်"


"အာလူးကြော်ယူမယ်...နေကြာစေ့ရောယူမယ်"

"အဲ့တာပဲလား"

"အင်း"

"သူရအောင်! ကိုယ်က မင်းထက် ၁၅နှစ်ကြီးတယ်နော်...ကိုယ့်ကို ဘာ အင်းလဲ...ရိုင်းတဲ့အပြုအမူမျိုးလာမလုပ်နဲ့!"


What do you want to be?(Completed)Waar verhalen tot leven komen. Ontdek het nu