အပိုင်း 26

174 26 16
                                    

သူရအောင်တစ်ယောက် အိမ်နောက်ဘေးက ပန်းပင်လေးတွေကြားမှာ မတ်တပ်ရပ်လက်ပိုက်နေရသည်။
ပန်းပင်လေးတွေရဲ့အနီးရှိ ကိုကြီးကိုယ်တိုင်လုပ်ထားတဲ့ ရေတံခွန်လေးမှ ရေစီးကျသံတွေကိုလည်း ကြားနေရ၏။
ကိုကြီးကတော့ သူ့ရှေ့က ကြိမ်ကုလားထိုင်ပေါ်မှာ ထိုင်လို့နေသည်။
ကိုကြီးရဲ့ မျက်လုံးကို မရဲတရဲနဲ့ သူရအောင်ကြည့်မိလိုက်ချိန် ကိုကြီးဆီမှ ထွက်ပေါ်လာသော စကားသံ။

"သူရအောင်...ကိုယ် လိမ်တာညာတာမုန်းတယ်ဆိုတာ သိတယ်ဟုတ်"

"ဟုတ် သိပါတယ် ကိုကြီး"

"အင်း...ဘာလို့လိမ်တာလဲ"

"ဒီတိုင်းပဲ ပါးစပ်က ပြောလိုက်မိတာပါ...လိမ်ချင်တဲ့ ရည်ရွယ်ချက်မရှိပါဘူးကိုကြီး"

ကောင်လေးအပြောလေးကြောင့် ဒွေးသစ္စာ  အပြုံးလေးတစ်ခုပြုံးလိုက်မိပြီး မတ်တပ်ရပ်လိုက်သည်။
လိမ်တာတောင် ရည်ရွယ်ချက်မရှိဘူးတဲ့။
ဘာပဲဖြစ်ဖြစ် လိမ်တာကလိမ်တာပဲမလား။
စကားကို ပြီးပြီးရော ထွက်လို့မှမရတာ။

"သူရအောင်...စကားကို ပါးစပ်က ပြီးပြီးရော ထွက်လို့မရဘူး...
ကိုယ်ပြောလိုက်တဲ့စကား ကိုယ်တာဝန်ယူရဲရတယ်..."

သူရအောင်လည်း ကိုကြီးကို ဘာမှဆက်အတွန့်မတက်တော့ဘဲ ...

"ကိုကြီး...ကျနော် လိမ်မိပါတယ်...တောင်းပန်ပါတယ်...ကျနော့်မှာအပြစ်ရှိပါတယ်"

"အင်း...ထိုင်ထလုပ်မယ်...တစ်ခါလုပ်ပြီးတိုင်း
နောင်လိမ်‌မပြောတော့ပါဘူးလို့ ပြော"

"ဟုတ်ကဲ့...ဘယ်နှကြိမ်လုပ်ရမာလဲ ကိုကြီး"

သူမေးလေတော့ ကိုကြီးဟာ ကိုကြီးရပ်ဟု မပြောမချင်းလုပ်ရမည်တဲ့။
ကန့်သတ်ချက်မရှိတဲ့။
ကိုကြီးက တကယ်ကြီးရက်စက်တော့မာလား။
သူရအောင် ငိုချင်သည်။

"ကိုကြီး"

"စလုပ်တော့...အမှတ်စဉ်ရေစရာမလိုဘူး"

"နောင်လိမ်မပြောတော့ပါဘူး"

"နောင်လိမ်မပြောတော့ပါဘူး"

"နောင်လိမ်မပြောတော့ပါဘူး"

ဒွေးသစ္စာ ထိုင်ထလုပ်နေတဲ့ကောင်လေးကို စိုက်ကြည့်နေလိုက်သည်။
ကောင်လေးဟာ မျက်နှာလေးကို မြေပြင်ပေါ်မှာ‌ပို့ကာ တစ်ကြိမ်ပြီးတစ်ကြိမ်လုပ်လို့နေသည်။

What do you want to be?(Completed)Waar verhalen tot leven komen. Ontdek het nu