အပိုင်း 15

289 32 12
                                    

"မညာပါနဲ့ စိတ်ထဲမှာ... မင်းလည်းငါ့လိုခံစားမှန်း
ငါသိတယ် အမူအရာလည်းလူသိလောက်ပြီ🎸
ရှက်ရမယ့် သူစိမ်းမဟုတ်ဘဲ
မပွင့်တပွင့်မျက်နှာလေးနဲ့ အချိန်ဆွဲခဲ့တာ
အပျိုဟိုင်းကြီးဖြစ်တော့မယ်🎸

အပျိုကြီး......
တကယ်လုပ်မာလား ပြောစမ်းပါ
ရည်ရွယ်တယ်မင်းအကြောင်းတွေ..🎸
တကယ်လို့  မင်းနဲ့
မပေါင်းဖြစ်ရင်တော့
အားကျမခံ လူပျိုကြီးဘဲလုပ်တော့မယ်🎸"



မြင်လိုက်ရသော မြင်ကွင်းတစ်ခု။
သုသုတို့အိမ်ရှေ့မှာရှိတဲ့ လမ်းမီးတိုင်အောက်မှာ လူငယ်တစ်စု ဂစ်တာတီးပြီး သီချင်းဆိုနေကြလေသည်။
ထိုအထဲမှာ သူ့ကလေးငယ် သူရအောင်လေးပါ  ပါသည်။

လက်ခုပ်လေးတီးကာ သီချင်းတွေ အားရပါးရဆိုနေတဲ့ကောင်လေးဟာ  သူ့ကားကို မြင်ပုံမပေါ်။

"သူရအောင်...ကိုယ့်ကိုဘာလို့ Surprise တွေခဏတိုင်းတိုက်နေရတာလဲ"


စိတ်ထဲကနေ ပြောလိုက်သော စကားလုံးတွေ။
သက်ပြင်းကိုလည်း ချလိုက်မိ၏။

တီ..တီ

ကားဟွန်းတီးပြီးနောက် ကားပေါ်ကနေ ဒွေးသစ္စာ ဆင်းလိုက်၏။

ကောင်လေးက သူ့အားမြင်သော် ဆိုလက်စသီချင်းကို ရပ်လို့သွားသည်။
သူ့အားကြောင်ပြီး ကြည့်နေသည့် ကောင်လေးရဲ့မျက်နှာမှာ  ထိတ်လန့်သွားတဲ့အပြုအမူနှင့်အတူ  အံ့ဩမှုတို့ကို တွေ့ရသည်။

ဘေးနားက လူတစ်စုဆီမှ အသံတွေဟာတော့ ရပ်မသွားပေ။

"ကလေးတို့ ...အိမ်ပြန်ကြတော့လေ"

သူပြောလိုက်တော့ ကောင်လေးတွေက သူ့အနားကို ရောက်လို့လာသည်။

"ဟင်..ပန်းထိမ်က ဘဲကြီးပဲ...ကျ‌နော်တို့က ဘဲကြီးတို့ရပ်ကွက်ကပဲလေ...ကျနော်တို့ကိုသိလား ဘဲကြီး"

ဒွေးသစ္စာ သေချာကြည့်လိုက်မှ ကောင်လေးတွေကို သူမှတ်မိတော့သည်။
ရပ်ကွက်ထဲက ကလေးတွေပဲ။

"ကိုယ့်ကားနဲ့တစ်ခါတည်းလိုက်ခဲ့ကြလေ...လာလာ အိမ်ပြန်ကြစို့"

ဒွေးသစ္စာ အကုန်လုံးကို  ပြန်ခေါ်ခဲ့လိုက်တော့သည်။
ကားပေါ်မှာ အားလုံးဟာ တိတ်ဆိတ်ငြိမ်သက်နေသည်။
သူရအောင်လေးကတော့ သူ့အား ခဏခဏ ခိုးကြည့်နေသည်။

What do you want to be?(Completed)Waar verhalen tot leven komen. Ontdek het nu