အပိုင်း 18

266 27 20
                                    

"ကိုကြီး.....အခုက ပန်းထိမ်ကိုသွားနေတာမဟုတ်ဘူးလားဟင်"

သူရအောင် ကိုကြီးကို ‌မေးလိုက်တော့ ကိုကြီးဟာ သူ့အားတစ်ချက်ကြည့်သည်။

နောက်ပြီးတော့...

"ဖေဖေနဲ့လေးလေးက ကလေးကို ‌အ‌ရေးကြီးကိစ္စနဲ့တွေ့ချင်တယ်ဆို...အဲ့တာ ဖေဖေ့ရွှေဆိုင်ကို ကိုကြီးမောင်းနေတာလေ"

သွားပါပြီ။
သူရအောင် ရင်တွေ တုန်လှုပ်နေလေပြီ။
ကိုကြီးနဲ့အတူတူ မန္တလေးကို လိုက်ချင်လို့ သူလိမ်ပြောလိုက်တာဖြစ်သည်။
ဖေဖေ့ကိုလည်း သူလိမ်ပြောခဲ့တာ‌ဖြစ်သည်။
ဖေဖေကလည်း မန္တလေးမှာ အေးဆေးနေတဲ့။
အရေးကြီးကိစ္စတွေပြီးရင်တော့ သူ့အလုပ်ကို ပြန်လာပြီးလေ့လာတဲ့။

"ကိုကြီး"

"အင်း ကလေးပြောလေ"

သူရအောင် မပြောဘဲ နှုတ်ဆိတ်နေလိုက်သည်။
ဟို‌ရောက်မှ ဖြစ်သမျှ အကြောင်း အကောင်းလို့တွေးပြီး ဖြေရှင်းဖို့သာ ဆုံးဖြတ်လိုက်၏။

ခမ်းနားထည်ဝါလှတဲ့ "ဒွေး"ရွှေဆိုင်ကြီး။
ကိုကြီးဖေဖေက ဒီရွှေဆိုင်ကြီးကို ကိုကြီးအတွက်ရည်ရွယ်ပြီး ဖွင့်ခဲ့တာဟုပြောသည်။
မန္တလေးမှာတင်မကသေး တခြားရန်ကုန်၊နေပြည်တော်စတဲ့ မြို့တွေမှာပါ ဆိုင်‌ခွဲတွေ
ဖွင့်ထားသည်။

ကိုကြီးကတော့ အဘိုးရဲ့ပန်းထိမ်လုပ်ငန်းကိုသာ ဦးစီးဦးဆောင်လုပ်ကိုင်နေတာဖြစ်သည်။

"ကိုဒွေး....ဟာ...ကိုဒွေးလာတယ်"

ရွှေဆိုင်အတွင်းရှိ မိန်းကလေးတွေဆီမှ အသံတွေ။
သူရအောင် ထိုမိန်းကလေးတွေကို ကြည့်လိုက်သည်။
အားလုံးရဲ့ အကြည့်တွေဟာ ကိုကြီးဆီသို့။

"အာ ကိုဒွေး...ဦးလေးတို့ဆီလာတာလား...ညီမလိုက်ပို့မယ်"

ခပ်ချောချောအမတစ်ယောက်က ကိုကြီးကို ပြုံးကာပြောလေသည်။
ကိုကြီးကလည်း ထိုအမကို ပြုံးကာပြနေသည်။

ဖေဖေတို့အခန်းကိုရောက်သော်.....

" သား! သားတို့ လာတယ်!"

ပုံမှန်ဆို လာခဲတဲ့ သူ့ကြောင့် ဖေဖေဟာ အံ့ဩနေပုံရသည်။
ဖေဖေ့မျက်နှာအမူအရာကို ဒွေးသစ္စာ သေချာသိသည်။

What do you want to be?(Completed)Waar verhalen tot leven komen. Ontdek het nu