အပိုင်း 17

310 28 16
                                    

နေ့ရက်တွေဟာ  တစ်ခုခု လစ်ဟာနေ၏။
တိတိကျကျပြောရမယ်ဆိုရင် ကောင်လေး ပန်းထိမ်မှာ မရှိတဲ့နေ့ရက်တွေ။
ဒွေးသစ္စာတစ်ယောက် အလွမ်းကို ဒီကောင်လေးနဲ့မှ စတင်ခံစားမိခဲ့တာဖြစ်သည်။

အလွမ်းဒဏ်ဟာ သူ့အား မယိုးမယွနဲ့ အောင့်သက်သက်ဖြစ်စေ၏။
နေရထိုင်ရတာ အဆင်မပြေလှပါ။
35နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဒွေးသစ္စာ သူ့စိတ်ကို သူထိန်းချုပ်ရမယ်မလား။

အချစ်...အချစ်က သိပ်ကို လူကို ရူးသွပ်စေတာပဲ။
ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း၊ကြည်နူးခြင်း၊သာယာခြင်း၊ လွမ်းဆွေးခြင်း ရသစုံတဲ့ ဇာတ်ကွက်တစ်ခုနဲ့အလားသဏ္ဌန်တူတဲ့ အချစ်နယ်ပယ်မှာ ဒွေးသစ္စာ နစ်ဝင်နေလေပြီ။

ကောင်လေးရဲ့ ချစ်ဖို့ကောင်းတဲ့ အမူအရာလေးတွေဟာ သူ့အာရုံထဲ ပေါ်လာပြန်သည်။
ကောင်လေးရဲ့ရယ်သံတွေ၊ ပြောင်ချော်ချော်ပုံစံတွေ၊ နောက်ပြီးတော့ ကောင်လေးရဲ့ အပြုံးလေး...
အရာအားလုံးကို ပြန်မြင်ယောင်နေသည်။

ကောင်လေးကြောင့်  သူစိတ်တိုဒေါသထွက်တဲ့အချိန်တွေကိုလည်း လွမ်းဆွတ်မိ၏။
ကောင်လေးပေးတဲ့အနမ်းလေးတွေကိုလည်း သူအောက်မေ့မိ၏။

ပျော်ရွှင်စရာ တစ်ခုခုရှိရင် ကောင်လေးကို သူဖုန်းဆက်ပြီး ချက်ချင်းပြောပြတတ်သည်။
ကောင်လေးဆီမှ လည်း ကြည်လင်သောရယ်သံသဲ့သဲ့လေးလေးတွေ သူပြန်ကြားရသည်။

ကောင်လေးကို သူသိပ်ကိုချစ်မြတ်နိုးပြီး လေးစားရသည်။
သူ့စကားကို အလေးအနက်ထားလွန်းတဲ့ကောင်လေး။
ကောင်လေးမှာ ဆိုးကွက်တွေရှိသလို ကောင်းကွက်တွေလည်းအများကြီးပင်။

ကောင်လေးဟာ အခု  ဦးလေးရဲ့ လုပ်ငန်းတွေကို လေ့လာနေသည်တဲ့။
ပန်းထိမ်လုပ်ငန်းကို ကောင်လေးစိတ်မပါတာသိတာမို့ သူ ကောင်လေးကို ဆွဲမထားဘဲ ဦးလေးအလုပ်မှာလေ့လာစေခဲ့သည်။

ပန်းထိမ်ကလူတွေကတော့ ကောင်လေးကို လွမ်းနေကြသည်။
ကောင်လေးမရှိတော့ သူတို့လည်း တစ်ခုခုလစ်ဟာနေသလိုခံစားရသည်တဲ့။
အချိန်ခဏလေးနဲ့ ပန်းထိမ်တစ်ဖွဲ့လုံးရဲ့ အချစ်တွေကို ဖမ်းစားသွားတဲ့ကောင်လေး။

What do you want to be?(Completed)Waar verhalen tot leven komen. Ontdek het nu