အပိုင်း 21

232 34 18
                                    

စိတ်လွတ် ကိုယ်လွတ် ကဲနေသည့် အကိုသူရဟာ အတော်လေးမူးနေလေပြီ။
ကျော်ကြီးတစ်ယောက် အကိုသူရကို လိုက်ထိန်းနေရ၏။

ကျော်ကြီးလည်း ဘီယာသောက်ချင်ပေမယ့် ကိုကို့မျက်နှာကိုပြေးမြင်မိတာကြောင့် မသောက်တော့ဘဲ ကပဲကနေတာဖြစ်သည်။
ကိုကိုသောက်မည့် အအေးထဲ အိပ်ဆေးထည့်တိုက်ခဲ့တာကိုလည်း ကျော်ကြီး အခုမှ နောင်တရမိသလိုလိုခံစားရသည်။
ကိုကို ဒီအချိန်ဆို အိပ်ပျော်နေလောက်မာပါဟုတွေးရင်း အကိုသူရကိုသာ လိုက်ထိန်းနေလိုက်တော့သည်။

"ကိုကြီး...အာ ကိုကြီးမဟုတ်ဘူးပဲ...ကိုကြီးက ငါအများကြီး မော့ကြည့်ရတဲ့အထိအရပ်ရှည်တာ...ဒီလူ့‌ခေါင်းက ငါ့မျက်လုံးရှေ့မှာ"

"ညီ...ညီက သိပ်လှတယ်နော်...အကို ညီ့ကိုကြွေမိပြီကွာ"

အရှေ့က လူက ထိုသို့ပြောရင်း အကိုသူရရဲ့တင်ပါးကို ကိုင်လေသည်။
နောက်ပြီးတော့ ထိုလူဟာ ကျော်ကြီးရဲ့ တင်ပါးကိုပါ လာကိုင်သည်။

ကျော်ကြီးလည်းအကိုသူရကို ဆွဲခေါ်ကာ ကလပ်အပြင်ကို သွားလိုက်‌တော့သည်။

"အကို...အကို တအားမူးလို့မရဘူးလေ...ဆရာ့ကို အကိုဘယ်လိုပြောမလဲ"

"ရတယ်အေးဆေး...ကိုကြီးကို ကျော်ကြီးဆီမှာ အိပ်မယ်လို့ပြောထားတယ်...အကိုက မပိုင်ရင် ခြင်တောင်မရိုက်ဘူး...ဟားဟား"

အော်ရယ်နေတဲ့အကိုသူရ။
သူ့ရဲ့လက်ဖဝါးနှစ်ဖက်ကိုလည်း တဖြောင်းဖြောင်းမြည်အောင်ရိုက်နေသည်။

ထိုစဉ် သူတို့အနားကို လျှောက်လာတဲ့အမျိုးသမီးတစ်ဦး။

"ဟင်!...မသိမ့်စန္ဒီ!"

ကျော်ကြီး အံ့ဩမှုတို့နဲ့အတူ ခေါ်လိုက်မိသည်။
မသိမ့်စန္ဒီကတော့ သူ့အား ခပ်တည်တည်သာစိုက်ကြည့်နေသည်။

"ကလေးတွေ ပျက်စီးနေကြတာပဲ...အုပ်ထိန်းသူ‌တွေမပါဘဲ clubကို ရောက်နေကြတာကိုး"

"ဒီမယ်...အမ အပူပါလား...ကျ‌နော်တို့လာချင်လာမာပဲ"

"ဟား...ဟား...အိမ်ပြန်ရောက်ရင် အခုလို လေသံမာနိုင်မလားဆိုတာ သိချင်နေပြီ"

What do you want to be?(Completed)Waar verhalen tot leven komen. Ontdek het nu