အပိုင်း 6

356 45 41
                                    

"အာ"

သူရအောင်တစ်ယောက် အခန်းထဲကို ဝင်ဝင်ချင်း ကိုနေမျိုးအောင်နဲ့ ကျော်ကြီးလေးကို တွေ့လိုက်ရသည်။
ကိုနေမျိုးအောင်က သူ့ရှေ့မှာ တရှုံ့ရှုံ့ငိုနေသော ကျော်ကြီးလေးကို မျက်ရည်တွေ သုတ်ပေးနေ၏။

"ထိုင်လေ အကို...အကိုအဆင်ပြေရဲ့လား...ဆရာက အကို့ကို အများကြီးဆူလိုက်လားဟင်"

"အကိုအဆင်ပြေပါတယ်ကျော်ကြီးရ..."

"ဟုတ်..ကျော်ကြီးအိပ်ခန်းက ဟိုဘက်ခန်းလေ...အကိုတို့နဲ့ကပ်ရပ်ပဲ...ကျော်ကြီး အကိုနဲ့ကိုကို့ဆီ အမြဲလာလည်မယ်နော်"

"ရတယ်ကျော်ကြီး...အချိန်မရွေးလာလည် ဟုတ်ပြီလား"

သူရအောင် မိမိကုတင်ပေါ်မှာ ထိုင်ကာ ကျော်ကြီးလေးကို ပြုံးပြပြီးပြောလိုက်သည်။

ထိုအချိန်မှာပဲ ကိုနေမျိုးအောင်ရဲ့ လက်ကလေးကို ကျော်ကြီးက ကိုင်ကာ...

"ကိုကို...ကိုကို ဟိုမိန်းမနဲ့မပတ်သက်နဲ့...သားမကြိုက်ဘူး"

"ဟင်"

နေမျိုးအောင်  သူ့လက်ကလေးကို ကိုင်ထားသော ကျော်ကြီးရဲ့ လက်တစ်စုံကို ဖယ်လိုက်သည်။

"ကျော်ကြီး...ကိုယ်က အတိတ်ကို အတိတ်မှာပဲထားတတ်တဲ့သူ...
ပစ္စုပ္ပန်မှာပဲ ရှင်သန်တဲ့သူ...
အတိတ်က အဖြစ်အပျက်တွေဟာ ကိုယ့်ခေါင်းထဲမှာမရှိတော့ဘူး ကျော်ကြီး...
မသိမ့်စန္ဒီနဲ့ကလည်း ကိုယ်မိတ်ဆွေတစ်ယောက်ထက်မပိုဘူး...ရိုးရိုးသားသားပဲ"

"ကိုကို့ဘက်ကရိုးသားပေမယ့် သူ့ဘက်က ရိုးမှမရိုးသားတာ"

ကျော်ကြီး မျက်လွှာလေးကို ချကာ ပြောလိုက်မိသည်။
သူ့ရင်ထဲက ခံစားချက်တွေကို ကိုကိုမှမသိဘဲ။
ကိုကို့ကို သိစေချင်လိုက်တာ။

"နေပါဦး...မင်းနဲ့ကိုယ်နဲ့က ဘာဆိုင်လို့လဲ ကျော်ကြီး"

"သား ကိုကို့ကို ချစ်တယ်လို့ပြောထားတယ်လေ...သားအချစ်တွေ သားခံစားချက်တွေကို ကိုကိုမသိဘူးလား..နည်းနည်းလေးလောက်‌တောင် မြင်အောင်ကြည့်မပေးဘူးလား...ကိုကိုက တကယ်ပါပဲ"



What do you want to be?(Completed)Waar verhalen tot leven komen. Ontdek het nu