အပိုင်း 8

403 43 35
                                    

သူရအောင်တစ်ယောက် အခန်းအောင်းပြီး ဖုန်းကြည့်နေတာ အချိန်အားဖြင့်အတော်ကြာလေပြီ။
ဗိုက်က ဆာလာတာနဲ့ အိမ်ကနေ မေမေထည့်ပေးလိုက်တဲ့ မုန့်ခြောက်တွေကို သတိရလာတော့သည်။
မုန့်တွေကို ‌ဖောက်စားပြီးနောက် ရေအဝသောက်ကာ ဖုန်းကို ဆက်ပြီးကြည့်နေလိုက်သည်။

ထိုစဉ် တံခါးခေါက်သံကို ကြားလိုက်ရ၏။

ဒေါက်... ဒေါက်

အခန်းတံခါးကို ဖွင့်ပေးလိုက်ချိန် သူ့အား ပြုံးပြပြီး သူ့လက်ကလေးကို ဆွဲကာ ခေါ်တဲ့ကျော်ကြီး။

"အကို ..ထမင်းစားရအောင်လို့ကျနော် လာခေါ်တာ"

"အကို မဆာဘူး ကျော်ကြီး...မင်းပဲ စားတော့နော်"

"ဟာ အကိုကလည်း ဘာကို မဆာရမှာလဲ...ကြက်သားဆီပြန်ဟင်းအနံ့ကမွှေးနေတာပဲအကိုရ ..လာပါ ထမင်းစားကြမယ်‌နော်"

သူ့အား ကလေးတစ်ယောက်သဖွယ် ဂရုစိုက်ပြီး ခေါ်နေတဲ့ ကျော်ကြီးလေးကို သူရအောင်အားနာပေမယ့် ထမင်းစားဖို့ သူမလိုက်ချင်။

စောနာက မုန့်တွေစားထားတာနဲ့ ဗိုက်ကလည်းမဆာ။
ပြီးတော့ ကိုကြီးကိုရော စိတ်ကောက်ချင်သည်။
ဆန္ဒပြချင်သည်။
တပည့်တစ်ယောက်အနေနဲ့ ကိုကြီးလာခေါ်မလားလည်း သိချင်သည်။

"အကို ခေါင်းမူးနေလို့ ကျော်ကြီး...အဲ့တာ အကို အိပ်ချင်လို့ ကျော်ကြီးလေးပဲ သွားစားလိုက်တော့နော်"

ကျော်ကြီးလည်း ဘယ်လိုမှခေါ်မရသည့်အဆုံး သူ့ဟာသူပဲစားဖို့ ထမင်းစားခန်းကို ပြန်သွားလိုက်သည်။

အချိန်ဟာ တ‌ရွေ့ရွေ့ကုန်ဆုံးရင်း ညနေစောင်းကိုပင်ရောက်လို့လာသည်။
သူရအောင်စားနေတာနဲ့  အိမ်ကမေမေထည့်ပေးလိုက်တဲ့ မုန့်ခြောက်တွေလည်း အကုန်ကုန်သွားလေပြီ။

သူ့လက်ထဲမှာ ပိုက်ဆံရှိတာပဲ နောက်နေ့ ပြန်ဝယ်လို့ရတာပဲလို့ တွေးရင်း ဖုန်းသာ ဆက်ကြည့်နေသည်။
တစ်နေကုန် ဖုန်းကြည့်နေရတာ မျက်လုံးပင်စပ်လို့လာလေပြီ။

ရုတ်တရက် တံခါးခေါက်သံကို ကြားရပြန်သည်။

ဒေါက် ဒေါက်

What do you want to be?(Completed)Waar verhalen tot leven komen. Ontdek het nu