ကိုကြီးရဲ့ မိတ်ဆွေတစ်ယောက်အိမ်မှာ အန္တရာယ်ကင်းဆွမ်းကပ်ရှိတာမို့ သူရအောင်နဲ့ ကိုကြီး သွားမလို့ ပြင်ဆင်နေတာဖြစ်သည်။
ကိုကြီးရဲ့မိတ်ဆွေက ကိုကြီးကို သေချာပေါက်လာခဲ့ပါဟု ပြောသည်တဲ့။
ကိုကြီးက ဘာပွဲရှိရှိ သူရအောင်ကို အမြဲခေါ်သည်။
ကိုကြီးနဲ့အတူတူ ပွဲတက်ရတာ သူရအောင်သိပ်ပျော်သည်။အိမ်ထောင်သည်ဘဝမှာ ကိုယ်ချစ်ရတဲ့အမျိုးသားက လူပုံလည်မှာ ကိုယ့်လက်ကိုဆွဲခေါ်ကာ သွားတဲ့ ခံစားချက်။
ထိုခံစားချက်ကတော့ ဘယ်အရာနဲ့မှ မတူဘဲ သိပ်ကိုကြည်နူးစေပါသည်။"ကိုကြီး...သွားကြစို့လေ"
ကိုကြီးမိတ်ဆွေအိမ်ကိုရောက်သော် သူရအောင်တို့ အထဲကို ဝင်သွားကြလေသည်။
ကိုကြီးက သူ့ရဲ့ပုခုံးလေးကို ဆုပ်ကိုင်လို့ထားသည်။
ကိုကြီးရဲ့အသိတွေက ကိုကြီးကို နှုတ်ဆက်ကာ ပြုံးပြကြသည်။တရားနာပြီးနောက် ထိုအိမ်ကကျွေးတဲ့ ကြက်ဆီထမင်းကို သူရအောင်တို့ စားနေကြစဉ်...
"ဒွေး"
"အာ စုကေသီ..."
စုကေသီက ဒွေးသစ္စာ တက္ကသိုလ်တုန်းက သူငယ်ချင်းဖြစ်သည်။
ကျောင်းပြီးကတည်းက မတွေ့ဖြစ်ခဲ့ကြတာ အခုထိပင်။စုကေသီက သူ့ဘေးက ကလေးကို ကြည့်ကာ...
"ဒါက"
"အော်...ဒါက ငါ့အမျိုးသား သူရအောင်တဲ့...ငါ့ရဲ့ဘဝလက်တွဲဖော်လေးလေ"
ဒွေးသစ္စာစကားအဆုံး စုကေသီဟာ အံ့ဩသော မျက်နှာနှင့်အတူ...
"နင်က ယောက်ျားတစ်ယောက်ကို ဘယ်လိုလက်ထပ်လိုက်တာလဲ...နင်က gayလား...နင် နင် တကယ်ကြီးမထင်ရဘူးနော်"
စုကေသီဟာ အသံကျယ်လောင်စွာနဲ့ ပြောနေစဉ်မှာပဲ ဒွေးသစ္စာ ကလေးပန်းကန်ထဲကို ဟင်းတုံးလေးထည့်ပေးလိုက်သည်။
"ကလေး...စားနော်"
ကလေးကို ပြောပြီးမှ စုကေသီရဲ့ မျက်လုံးကို ဒွေးသစ္စာ စိုက်ကြည့်လိုက်သည်။
"စုကေသီ...ငါချစ်မြတ်နိုးရတဲ့သူ...ငါရင်ခုန်ရတဲ့သူက သူရအောင်အပြင် တခြားသူမရှိဘူး...ငါသူ့ကိုသိပ်ချစ်တာ..."
JE LEEST
What do you want to be?(Completed)
Randomအပြောနဲ့လည်းဆုံးမမယ်... လက်ပါပြီးလည်း ဆုံးမသင့်ရင်ဆုံးမမယ်... နှလုံးသားတစ်ခုလုံးနဲ့လည်း ဆုံးမမယ်... #Bl #punishments#romance#marriage#lgbt #Both Uni&Zawgyi