အပိုင်း 1

739 52 41
                                    

"12×8=86

မမနု ...ကျနော်တို့ ဘီယာသောက်တာ 8600ဖိုးပဲရှိသေးတယ်...အဲ့တော့ နောက်ထပ် ထပ်သောက်လို့ရသေးတယ်မလား..."

ပြုံးစစမျက်နှာကလေးရယ်...
ကလေးတစ်ယောက်လို ချွဲ‌နေတဲ့အသံ‌လေးရယ်နဲ့အတူ သူရအောင်တစ်ယောက် အမဝမ်းကွဲဖြစ်တဲ့ မမနုကို ပြောလိုက်သည်။
မမနုရဲ့ ယောက်ျား ကိုသီဟကတော့ သူနဲ့ ချစ်ထွေး‌ကို တစ်ချက်သာစိုက်ကြည့်ပြီး ပြုံးကာ သူဖတ်လက်စ စာအုပ်ကလေးကို ဆက်ပြီးဖတ်နေသည်။

"ယောက်ဖ...ယောက်ဖက ကျနော်နဲ့ ချစ်ထွေးနဲ့ကို ကြည့်ပြီး ဘာလို့ပြုံးတာလဲ...
အမယ် အမယ် ...ကျနော့်မမ မမနုက ပြုံးရယ်စေတဲ့ ဆေးတွေကျွေးထားတာလား...ဟုတ်တယ်မလား"

သီဟတစ်ယောက် သူရအောင်ရဲ့စကားကြောင့် စာအုပ်ကို ပိတ်ကာ ထပ်ပြီးပြုံးလိုက်မိပြန်သည်။
သူရအောင်နဲ့ ချစ်ထွေးက သူတို့အိမ်မှာ လာပြီး တစ်ဝိုင်းထိုင်နေတာ ညနေကတည်းကနေ အခုထိဖြစ်သည်။
အတော်လည်းကြာနေပြီမို့ ကောင်လေးတွေမူးနေပြီဆိုတာ သူသိသည်။

ရီဝေပြီး ရဲနေတဲ့ မျက်ဝန်းတွေ...
သာမန်မဟုတ်တဲ့အပြုအမူတွေ၊အပြောအဆိုတွေက ထိုကောင်လေးတွေရဲ့ မူးနေတဲ့ ဝိသေသ လက္ခဏာတွေပင်။

သောက်လိုက်ကြ၊ စကားတွေပြောလိုက်ကြနဲ့ အချိန်ဟာ မှောင်နေပြီဆိုတာတော့ မူးနေကြတဲ့ ကောင်လေးနှစ်ယောက်က သိပုံမပေါ်။
မိဘတွေစိတ်ပူမှာစိုးလို့ အိမ်ပြန်ဖို့ပြောရအောင်လည်း မရ။
အိမ်ပြန်ဖို့ပြောရင် သူတို့ကို နှင်တာလားက လုပ်သေးသည်။

"ကျနော်တို့ကိုမနှင်ပါနဲ့...ကျနော်တို့က မကောင်းဆိုးဝါး‌တွေမဟုတ်ဘူး...ကျနော်တို့က လူချောလေးတွေပါ"လို့ စနောက်ပြီးလည်း ပြောမာ အသေအချာ။

"ခစ်ခစ်...ဟေ့ကောင် သူရအောင်...မင်း အဲ့တာတွေအသာထားဦး...ငါမင်းကို ပြောစရာရှိသေးတယ်ကွ...အရေးကြီးစကားမို့ အားလုံး ခဏလောက် တိတ်ဆိတ်ပေးကြပါ"

ချစ်ထွေးရဲ့ စကားကြောင့် အားလုံးရဲ့မျက်လုံးလေးတွေဟာ ချစ်ထွေးဆီသို့။
မူလက ထိုင်ခုံပေါ်မှာ ထိုင်နေတဲ့ချစ်ထွေးဟာ ရုတ်တရက် ထကာရပ်လေသည်။

What do you want to be?(Completed)Waar verhalen tot leven komen. Ontdek het nu