အပိုင်း 22

243 28 10
                                    

ဒေါက် ...ဒေါက်

ကြားလိုက်ရသောအသံကြောင့် သူရအောင်တစ်ယောက် ရင်ခုန်သံတွေမြန်ဆန်လို့နေသည်။

ကိုကြီးဟာ အခန်းတွင်းကို ကြက်မွှေးကိုင်ကာ ဝင်လို့လာသည်။
မျက်နှာကလည်း ခပ်တည်တည်နှင့်ပင်။
အရယ်အပြုံးမရှိတဲ့ ကိုကြီးမျက်နှာလေးဟာ တည်ကြည်ခန့်ညားပြီး ကြည့်ကောင်းနေဆဲပင်။

ကိုကြီးဟာ အိပ်ယာပေါ်ကို ထိုင်ကာ သူ့အား မတ်တပ်ရပ်လက်ပိုက်ခိုင်းထားသည်။
သူရအောင်တစ်ယောက် ကိုကြီးရှေ့ခေါင်းလေးငုံ့ကာ လက်ပိုက်လျက်။

"သူရအောင်...ကိုယ့်ကိုကြည့်"

ထိုအပြောရဲ့အဆုံး သူရအောင် ကိုကြီးကို ကြည့်လိုက်သည်။
ကိုကြီးဟာလည်း သူ့မျက်လုံးကို တည့်တည့်စိုက်ကြည့်နေပါသည်။
သူရအောင်ရဲ့ ရင်ခုန်သံတွေ ပိုမိုမြန်ဆန်လာလေပြီ။
ပေါက်ထွက်မှာတောင် စိုးသည်အထိ။

"သူရအောင်...မင်းက ကတိမတည်ဘူးပဲ...မင်းကိုယ့်ကိုပေးထားတဲ့ကတိတွေ မင်းမေ့သွားပြီလား"

ကိုကြီးကအေးဆေးလေးပြောနေပေမယ့် သူရအောင်ကြောက်သည်။
အောက်မှ ဒူးနှစ်ဖက်ဟာလည်း တုန်ရီလို့နေပါသည်။

သူရအောင်ကိုကြီးကို‌ပေးထားတဲ့ကတိကိုသူ
မမေ့ပါ။
သူပေးထားတဲ့ကတိကို သူမှတ်မိ၏။
သေချာပေါက်၊ကျိန်းသေကိုမှတ်မိ၏။

ကိုကြီးမပါဘဲ အရက်၊ဘီယာမသောက်ဘူးဆိုတဲ့ကတိ။

"သူရအောင် ! ဖြေလေ!"

အခုခါမှာတော့ ကိုကြီးက လေပြေအေးလေးနဲ့ဟုတ်မနေတော့ပေ။

မာထင်နေသော ကိုကြီးအသံ။
သူရအောင် အခန်းထဲကနေပြေးထွက်ကာသွားချင်မိသည်။
ထိုအသံက အဲ့လောက်တောင် သူရအောင်ကို ကြောက်ရွံ့စေပါသည်။

"ကျနော်မမေ့ပါဘူးကိုကြီး...ကျနော် ပေးထားတဲ့ကတိကိုချိုးဖောက်မိပါတယ်"

"အင်း...မင်းက အခါတလဲလဲ ကိုယ့်စည်းမျဉ်းတွေကိုချိုးဖောက်တယ်...
ကိုယ့်စကားကို နားမထောင်ဘူး...
ကိုယ့်ကိုမလေးစားဘူး...မင်းလုပ်ချင်ရာမင်းလုပ်မယ်ဆိုတဲ့ပုံစံလာမချိုးနဲ့"

What do you want to be?(Completed)Waar verhalen tot leven komen. Ontdek het nu