"သူရအောင်.....ကိုယ်မင်းကို ချစ်တယ်"
"ဗျာ!"
ရုတ်တရက် နှုတ်ဖျားက အံ့ဩစွာ ထွက်ပေါ်လာသောအသံလေး။
တစ်ပြိုင်တည်းမှာပဲ လက်မှာ ကိုင်ထားတဲ့ ဒိန်ချဉ်ဗူးလေးဟာ မြေပြင်ပေါ်ကို ပြုတ်ကျသွားလေသည်။"ဆရာ...ဆရာ တကယ်ပြောတာလားဟင်"
"အင်း...ကိုယ် မင်းကို တကယ်ချစ်တာ"
ဒွေးသစ္စာ သူ့ရှေ့က အကောင်ပေါက်လေးကို ငုံ့ကာကြည့်လိုက်ပြီး မြေပြင်ပေါ်ကျနေတဲ့ ဒိန်ချဉ်ဗူးလေးကို ကောက်လိုက်သည်။
ကောင်လေး ထိတ်လန့်သွားလို့ထင်သည်။
သူ့ရဲ့ ချစ်တယ်ဆိုတဲ့ အဖြေလေးဟာ ကောင်ငယ်လေးရဲ့ နှလုံးသားတစ်ခုကို ဒီလောက်တောင်တုန်လှုပ်သွားစေသလား။"ကျနော်နဲ့ ဆရာနဲ့ ဒါဆို ချစ်သူတွေဖြစ်ပြီပေါ့နော်...ဆရာ့ကို ကျနော် အများကြီးချစ်ပေးမယ်သိလား"
မျက်ရည်တွေပါကျပြီးပြောနေတဲ့ကောင်လေး။
တွေ့ဆုံခဲ့ဝာာ ငါးရက်တည်းနဲ့ ဒီကောင်လေးနဲ့ သူနဲ့ ချစ်သူတွေဖြစ်သွားလိမ့်မယ်လို့ ဒွေးသစ္စာ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။
ဒါပေမယ့် အခု ဒီကောင်လေးက သူ့ရဲ့ကောင်လေး၊သူ့ဘဝလက်တွဲဖော်လေးဖြစ်လို့သွားလေပြီ။"သူရအောင်...ကိုယ့်ကိုချစ်တယ်ဆိုရင် ကိုယ့်စကားနားထောင်...
စကားနားမထောင်ရင် ကိုယ်မင်းကို ဆူမာ...
ရိုက်သင့်ရင်ရိုက်မာ""ဟုတ်ကဲ့ပါဆရာ"
ကောင်လေးမျက်ဝန်းက ဝမ်းသာလို့ကျတဲ့မျက်ရည်လေးတွေကို ဒွေးသစ္စာ သုတ်ပေးလိုက်သည်။
ကောင်လေးကို သူ့ရင်ခွင်ထဲဆွဲသွင်းကာ နဖူးလေးကို အကြိမ်ကြိမ်နမ်းရှိုက်မိသည်။
အချိန်ခဏလေးနဲ့ရင်ထဲမှာ စွဲလမ်းစွာ ချစ်ရတဲ့ကောင်လေး။
သူ့ထက် ၁၅နှစ်ငယ်တဲ့ဒီကောင်လေး။
ချစ်ဖို့ကောင်းလွန်းတဲ့သူ့ရဲ့ချစ်ရသူကောင်လေးကို သူအများကြီးချစ်လို့ပေးမည်။.
.
.ပန်းထိမ်ပြန်ရောက်ရောက်ချင်း သူရအောင် သူဝယ်လာတဲ့မုန့်တွေကို အားလုံးကို ကျွေးလေသည်။
JE LEEST
What do you want to be?(Completed)
Diversosအပြောနဲ့လည်းဆုံးမမယ်... လက်ပါပြီးလည်း ဆုံးမသင့်ရင်ဆုံးမမယ်... နှလုံးသားတစ်ခုလုံးနဲ့လည်း ဆုံးမမယ်... #Bl #punishments#romance#marriage#lgbt #Both Uni&Zawgyi