အပိုင်း 10

340 39 27
                                    

ဝရံတာကနေ ကောင်းကင်ပြင်ကို ငေးကြည့်နေမိသည်။
တိမ်တွေဟာ သိပ်ကိုလှသည်။
ကောင်းကင်ပြင်ကြီးဟာလည်း သိပ်ကိုလှသည်။

မနေ့က ကိုကြီးနဲ့ဖြတ်သန်းခဲ့ရတဲ့ တစ်ရက်တာကို
သူရအောင် ပြန်တွေးပြီး ကြည်နူးနေမိသည်။

ဒီနေ့ ကိုကြီးက သူ့လက်ကဒဏ်ရာကြောင့် အိပ်ခန်းမှာပဲ အေးဆေးနားဖို့ပြောထားသည်။
မနက်ကလည်း ကိုကြီးကိုယ်တိုင်ခူးကျွေးတဲ့မနက်စာစားခဲ့ရသည်။
ကိုကြီးကို ဘာလို့ အချိန်ခဏလေးနဲ့ ချစ်မိသွားသလဲ သူရအောင် သူ့ကိုယ်သူတောင်မသိပေ။

ကိုကြီးက သူ့ကို ရူးအောင် ပြုစားနေပြီထင်ပါရဲ့။

Ring...Ring

"အယ် ချစ်ထွေးပါလား"

"Hello သားကြီး ပြော"

"သူရအောင်...မင်းနေကောင်းရဲ့လား...ငါလေ မနေ့ညက မင်းကို အိပ်မက်မက်နေလို့"

"နေကောင်းပါတယ်ကွာ...ငါလည်း မင်းကို သတိရနေတာ...ပန်းထိမ်မှာ ငါအရာရာအဆင်ပြေတယ်သိလား...ပန်းထိမ်ဆရာလူပျိုကြီးကို ငါအရမ်းချစ်‌မိနေပြီသူငယ်ချင်းရေ"

သူရအောင် ချစ်ထွေးကို မိမိဒဏ်ရာရတာမပြောချင်။
သူပြောလိုက်ရင် ချစ်ထွေးက သူ့ဆီကို ရောက်လာမှာသေချာသည်။
သူငယ်ချင်းကိုစိတ်လည်းမပူစေချင်။

"နေကောင်းရင်ပြီးရောကွာ...အရာရာဂရုစိုက်နော်...မင်းရဲ့ ပန်းထိမ်ဆရာလူပျိုကြီးက မင်းအပေါ်ကောင်းပေးရဲ့လား"

သူငယ်ချင်းဖြစ်သူစကားကြောင့် သူရအောင် ကိုကြီးအကြောင်းတွေးလိုက်သည်။

စည်းကမ်းကြီးပြီး စိတ်ပူတတ်တဲ့ကိုကြီးက သူ့ကို တစ်ခါတစ်လေ ဆူတတ်သလို...
တစ်ခါတစ်လေမှာ နွေးထွေးပေးလွန်းသည်။

ကိုကြီးရဲ့ ဂရုစိုက်မှုတွေက သူ့အပေါ်မှာ ကောင်းလွန်းသည်ထက်ကို အများကြီး ပိုလို့ ကောင်းလွန်းသည်။

"ကောင်းပေးတာပေါ့ကွ...ကိုကြီးကလည်း ငါ့အပေါ် ချစ်နေပြီထင်တယ်...အာ ထင်တာမဟုတ်ဘူး...ကိုကြီးငါ့ကို တကယ်ကို ချစ်နေပြီရယ်"

"ဟွန်း...ငကြွားကောင်... ငါ့algaeလေးရဲ့ဖုန်းဝင်လာလို့ ဒါပဲနော် သားကြီး.."

What do you want to be?(Completed)Waar verhalen tot leven komen. Ontdek het nu