အပိုင်း 4

395 51 31
                                    

မန္တလေးမြို့ကြီးရဲ့ချစ်ဖို့ကောင်းတဲ့ အလှအပတွေကို သူရအောင်တစ်ယောက် နစ်မြောစီးဝင်ကာ ခံစားလို့နေသည်။

စိတ်ထဲ ကြည်နူးမှုလေးဖြစ်နေတုန်းမှာပဲရုတ်တရက် ကြားလိုက်ရသော မိုးခြိမ်းသံ။

မျက်လုံးအစုံဟာလည်း ကောင်းကင်ပြင်သို့ ကြည့်လိုက်မိသည်။
တိမ်ညိုတွေအပြည့်။
မိုးက ရွာနိုင်ချေ အတော်လေးများနေတဲ့အခြေအနေပင်။



"အာ...ထီးလည်းမပါဘူး..ငါ ထီးတစ်ချောင်းလောက် သွားဝယ်လိုက်ဦးမယ်"


ကားလမ်းရဲ့ တစ်ဖက်တစ်ချက်က ဆိုင်တွေမှ ထီးရှိနိုင်မယ်ထင်တဲ့ ဆိုင်ဆီသို့ သူရအောင် သွားလိုက်သည်။
သွားနေစဉ်မှာပဲ မိုးက ရွာချလာသည်။

"အာ...မိုးရယ် မရွာပါနဲ့ဦးဟ! ဒီကောင်သူရအောင်လေး ထီးမဝယ်ရသေးဘူး"

ရှုံ့မဲ့မဲ့ မျက်နှာထားလေးနဲ့ သူရအောင်ပြောလိုက်မိသည်။

မိုးကိုတားပေမယ့်မရ။
မိုးက သည်းကြီးမည်းကြီးကို ရွာချနေတာမို့ သူရအောင်တစ်ကိုယ်လုံး ရွှဲစိုသွားလေပြီ။


"မောင်လေး...ဘာယူချင်လို့လဲ"

"ကျနော်  ထီးတစ်ချောင်းလောက်ဝယ်ချင်လို့ အမ"


ဝယ်လာသောထီးလေးကို ဖွင့်ကာ သူရအောင် မိုးရွာထဲမှာ လမ်းလျှောက်နေလိုက်သည်။
မိုးရေတွေနဲ့ ဆော့ကစားဖို့လည်း သူရအောင်မမေ့။

မဟာမြတ်မုနိဘုရားကြီးဆီကို သွားမယ့် အစီအစဉ်ဟာ မအောင်မြင်‌တော့ပေ။
ရွှဲစိုနေတဲ့အဝတ်တွေရယ်၊ဒီ မိုးရယ်နဲ့ သွားဖို့ အဆင်မပြေ။
နောက်နေ့မှ သွားရောက်ဖူးမြှော်တော့မည်။

"အာ နေပါဦး...ငါ အိမ်ကို ဘယ်လိုပြန်ရမာလဲ..."

အခုမှ ဒုက္ခက လှလှကြီးတွေ့လေပြီ။
လမ်းနံပါတ်တွေလည်း သူရအောင်မသိ။
ဖေဖေ့ကို ဖုန်းဆက်မေးရင်ရတာပဲလို့ တွေးပြီး ဖုန်းခေါ်လိုက်သည်။

"အာ! ကျစ်! ဒီဖုန်းက အားကုန်သွားပြန်ပြီ"

သူရအောင်ပုံစံက  လမ်းပျောက်နေတဲ့ ကြောင်ငယ်လေးတစ်ကောင်လို။
ကူရာမဲ့ ကယ်ရာမဲ့နဲ့ ဘယ်ကို အကူအညီတောင်းရင်ရနိုင်မလဲ စဉ်းစားနေမိသည်။

What do you want to be?(Completed)Waar verhalen tot leven komen. Ontdek het nu